Microsoft ရဲ့ New Default Font "Aptos"

Microsoft ရဲ့ TypeFace Font အသစ်ကိုကြေငြာလိုက်ပါပြီ။ "Aptos" လို့နာမည်ပေးထားပြီး Microsoft ရဲ့ Segoe TypeFace နဲ့ Windows TrueType core fonts တွေဖန်တီးခဲ့တဲ့ Steve Matteson နာမည်ရ TypeFace Creator ကဖန်တီးထားတာဖြစ်ပါတယ်။

၁၅ နှစ်ကျော်အသုံးပြုလာတဲ့ MS ရဲ့ Calibri ကို Default Font အဖြစ်ကနေ အနားပေးပြီး ဝင်လာမယ့် Aptos ကို California ပြည်နယ်ရဲ့ သဘာဝအလှတွေကို Inspired လုပ်ပြီး ရေးဆွဲထားပါတယ်။ သဘာဝနဲ့အနီးဆုံးဖြစ်စေပြီး လူသားဆန်ဆန်ရေးဆွဲထားတဲ့ Font ဖြစ်ပြီး Font Design တွေကို Digital မပြောင်းခင် လက်နဲ့သာရေးဆွဲခဲ့တာပါ။

Aptos အကြောင်းကိုပြောရရင် San Serif အမျိုးအစားဖြစ်တာကြောင့် ရှင်းရှင်းလင်းလင်းနဲ့ easily readable & simple letterforms ဖြစ်ပါတယ်။ Lower Case Letter တွေနဲ့ Upper Letter တွေကိုလည်း ကွဲကွဲပြားပြား ဖတ်နိုင်အောင် အာရုံစိုက်ထားတယ်လို့ Creator ကပြောပါတယ်။

မကြာခင်မှာ တစ်ကမ္ဘာလုံးက MS Office သုံးသူတိုင်းရဲ့ Default Font အဖြစ် Aptos ကိုမြင်ရတော့မှာပါ

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AppleGPT လာတော့မလား??

Next
Next

MediaTek ရဲ့ Mid-range Chipset တွေတရားဝင်မိတ်ဆက်