Cloudflare Server Down သွားတာကြောင့် ကမ္ဘာ့အင်တာနက် ၃ပုံ၁ပုံခန့် ရပ်တန့်

ယနေ့နေ့လည် ၁၁ နာရီခန့်ကစပြီး မြန်မာနိုင်ငံရော ကမ္ဘာ့တစ်ဝှမ်းမှာရှိတဲ့ Website တော်တော်များနဲ့ Web Service တွေ 500 Internal Server Error ဆိုပြီး ဖြစ်သွားခဲ့ပါတယ်။

ခုလိုဖြစ်သွားတာ ISP တွေကြောင့်လည်းမဟုတ်သလို၊ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ VPN တွေကြောင့်မဟုတ်ပါဘူး။ Website တွေကို ပြုလုပ်ရာမှာ အသုံးပြုတဲ့ Cloudflare ဆိုတဲ့ အင်တာနက် ဝန်ဆောင်မှုတစ်မျိုးရပ်တန့်သွားလို့ဖြစ်ပါတယ်။

ခုဖြစ်ရပ်ကြောင့် ကမ္ဘာ့တစ်ဝှမ်းက ဂိမ်းတွေ၊ Online Shopping တွေရပ်တန့်သွားပြီး Discord, Shopifty, League of Legends, Steam, Valorant, Genshin Impact စတဲ့နာမည်ကြီး ကုမ္ပဏီကြီးတွေ တိုင်ပတ်ကုန်ပါတယ်။ အပိုထပ်ဆောင်းအနေနဲ့ Cloudflare ကိုအသုံးပြုထားတဲ့ 1111 VPN လည်း ရပ်တန့်သွားပါတယ်။ ယနေ့ကိစ္စနဲ့ပတ်သတ်လို့ အင်တာနက်ဟာ ကုမ္ပဏီတစ်ခုအပေါ်မှာ အရမ်းမှီခိုထားရင် ပြဿနာတက်နိုင်တယ်လို့ Twitter မှာဝေဖန်နေကြပါတယ်။

Cloudflare Service ဟာ နေ့ခင်း ၁၁ လောက်မှာ ရပ်တန့်သွားခဲ့ပြီး နာရီဝက်အကြာမှာ Cloudflare ဖက်က ပြဿနာကို ဖြေရှင်းပြီးပြီလို့ ထုတ်ပြန်ခဲ့ပေမယ့် တဖန်ပြန်လည် Down သွားပြီး မရတဲ့ဒေသတွေမှာ website တွေဝင်မရဖြစ်ခဲ့ပါတယ်။ Server Down နေစဥ်အတွင်း နစ်နာသွားတဲ့ ငွေကြေးဟာ million နဲ့ချီပြီး ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

100MP sensor ထုတ်ဖို့ပြင်ဆင်နေတဲ့ Sony

Next
Next