AMD RDNA 2 Architecture ပါဝင်တဲ့ Exynos 2200 Processor

မိုဘိုင်းဖုန်းမှာ Ray Tracing နည်းပညာပါဝင်လာတယ်ဆိုတာ အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်

Tech Giant Samsung အနေနဲ့ Gaming အတွက် Premium Chipsets Exynos 2200 ကို AMD RDNA 2 နည်းပညာကိုအခြေခံပြီး ထုတ်လုပ်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။ Exynos 2200 မှာ Samsaung Xclipse graphics processin unit (GPU) လည်းပါဝင်မှာပါ။ ခုလို ဈေးကွက်ထဲမှာ အကောင်းမွန်ဆုံး CPU နဲ့ ပိုမိုကောင်းမွန်လာတဲ့ Neural Processing Unit (NPU) ပါဝင်တဲ့ Exynos 2200 ဟာဆိုရင် မိုဘိုင်းဂိမ်းသမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ Performance တွေသာမက နေ့စဥ်ဖုန်းအသုံးပြုမှုတွေ၊ ကင်မရာလုပ်ဆောင်ချက်ပိုင်းတွေမှာလည်း မိုပိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
Samsung System LSI Business ဥက္ကဌ Yongin Park က " 4 nanometer processing unit, နောက်ဆုံးပေါ် GPU,NPU တွေအပြင် Graphics ပိုင်းဆိုင်ရာအတွက် AMD နည်းပညာ RDNA 2 သုံးထားတဲ့ Exynos 2200 မှာဆိုရင် Samsung ဖုန်းတွေအတွက် Gaming Experience တွေအပြင် AI performance တွေမှာပါ ပိုမိုကောင်းမွန်လာမှာပါ" လို့ပြောကြားခဲ့ပါတယ်။

Xclipse GPU ကို မိုဘိုင်းဖုန်းတွေရော၊ Console တွေမှာပါ Graphic processor အဖြစ်အသုံးပြုနေပါတယ်။ AMD RDNA 2 နည်းပညာကို အခြေခံထားတဲ့ Xclipse မှာဆိုရင် Personal Computer, Console နဲ့ Laptops တွေမှာပဲ ပါဝင်တဲ့ Hardware accelerated ray tracing (RT) နဲ့ Variable rate shading (VRS) နည်းပညာတွေကို မိုဘိုင်းဖုန်းမှာပါ အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးမယ့် နည်းပညာဖြစ်ပါတယ်။
Ray tracing လိုမျိုး လက်တွေ့အပြင်မှာ အလင်းရောင်ပြုမှုလှုပ်ရှားသလိုမျိုးကိုတွက်ချက်ပြီး ကွန်ပျူတာထဲမှာလည်း အပြင်နဲ့လက်တွေ့တူတဲ့ အရောင်တွေ၊ Lighting Effects တွေကို ပြုလုပ်ပေးတဲ့ နည်းပညာပဲဖြစ်ပါတယ်။ ခုလို မြင့်မားတဲ့နည်းပညာကို ဖုန်းနဲ့ အသုံးပြုနိုင်အောင် Samsung အနေနဲ့ AMD နဲ့ပူးပေါင်းပြီး ဈေးကွက်ထဲမှာ Ray tracing ပါဝင်တဲ့ ပထမဆုံး mobile GPU အဖြစ်ထုတ်လုပ်မှာပါ။
Variable Rate Shading ဆိုတာကတော့ ဂိမ်းသမားတွေအကြိုက် FPS မြင့်မြင့်ကို GPU လိုအပ်ချက်နည်းနည်းနဲ့ ဆော့နိုင်အောင် ဆောင်ရွက်ပေးမဲ့ နည်းပညာလို့ အတိုချုပ်ပြောလို့ရပါတယ်။

AMD RDNA 2 နည်းပညာဟာ Power-efficient ဖြစ်ခြင်း၊ Desktop တွေသာမက automobileတွေ၊ Mobile ဖုန်းတွေစတဲ့ Platform မျိုးစုံမှာအသုံးပြုနိုင်ပြီး Samsung Xclipse GPU က ဒီနည်းပညာရဲ့ပထမဆုံး ရလဒ်ဖြစ်ပါတယ််။ AMD Radeon Group ရဲ့ အကြီးအကဲဖြစ်သူ David Wangက " မိုဘိုင်းဖုန်းနဲ့ ဂိမ်းဆော့တဲ့သူတွေကိုလည်း Gaming Experinece အကြီးကြီးတွေ ပေးနိုင်ဖို့အတွက် စိတ်လှုပ်ရှားနေတယ်" လို့ ဆိုပါတယ်။
Enynos 2200 မှာ Gaming Performance ပိုင်းသာမက 5G နဲ့ Security Features တွေ၊ ကင်မရာနဲ့ Photography ပိုင်းမှာလည်း လုပ်ဆောင်ချက်တွေ ပိုမိုမြင့်မှာလာမှာပါ။

Arm Cortex®-X2 flagship-core, Cortex-A710 big-cores, Cortex-A510 little-cores သုံးခုပါဝင်တဲ့အတွက် ပါဝါစားသက်သာမှာဖြစ်သလို၊ 10 Gbps ထိ support ပေးနိုင်တဲ့ 5G moden လည်းပါဝင်မှာမို့ လုံးဝကို cutting-edge နည်းပညာ Processor တစ်ခုပဲဖြစ်ပါတယ်။
ဒါ့အပြင် Photography အတွက် 200 Megapixels ထိရှိတဲ့ ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Image Sensors ၇ ခုထိ ချိတ်ဆက်အသုံးပြုနိုင်ပြီး Video Recording အတွက် 8K ထိရိုက်ကူးနိုင်ပါသေးတယ်။ Display ပိုင်းအတွက်ဆိုရင်တော့ Screen Refresh Rate 144Hz နဲ့ HDR 10+ Resolution ကိုအသုံးပြုနိုင်ပါတယ်။
ခုလောလောဆယ်မှာတော့ Exynos 2200 ထုတ်လုပ်မှုကို စတင်နေပြီဖြစ်ပါတယ်။

ref : Samsung India

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

OnePlus 6 နဲ့ 6T ကို Software support ပေးတာရပ်တော့မဲ့ OnePlus

Next
Next

Qualcomm ရဲ့ Snapdragon chipset အသစ်တွေက Samsung ရဲ့ Exynos chipset တွေအတွက်အိမ်မက်ဆိုးလား?