LiDAR ပါဝင်ပြီး Sedan Type ဖြစ်လာမယ့် Xiaomi ပထမဆုံး လျှပ်စစ်ကား

ပထမဆုံး ပြဿနာတွေကြားထဲကနေ Xiaomi ကတော့ လျှပ်စစ်ကားခြေလှမ်းကို စလိုက်ပါပြီ။ Xiaomi Founder Lei Jun က April လတုန်းက Public Poll တစ်ခုမှာကားကို ဝယ်မယ်ဆို ဘယ်ဈေးဖြစ်စေချင်လဲလို့ Survey ကောက်ခဲ့ပါသေးတယ်။ လူ ၂ သန်းလောက် Poll မှာပါဝင်ခဲ့ကြပြီး ၇၀ ရာခိုင်နှုန်းလောက်က ဒေါ်လာ ၂ သောင်းမကျော်သင့်ဘူးလို့ Vote ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ၁၀ ရာခိုင်နှုန်းလောက်က ဒေါ်လာ ၄သောင်းကျော်ထိပေးချင်ကြတာပါ။

သတင်းတွေအရ Xiaomi EV မှာ တံခါးလေးပေါက် ပါဝင်ပြီး Sedan ဖြစ်မယ်လို့သိရပါတယ်။ ဒါ့အပြင်ဈေးလည်းကြီးပါလိမ့်မယ်။ ခန့်မှန်းခြေ ဒေါ်လာ ၅ သောင်းခန့်ပေးရမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ EV ဈေးကွက်ထဲကိုဝင်ဖို့ အတော်လေး အချိန်ယူခဲဲ့ပြီးဖြစ်သလို ဖုန်းဈေးကွက်နဲ့မတူတာက ကားဈေးကွက်က တစ်ခုခုဆို အမှားမခံတာဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ဆင်စရိတ်၊ ထုတ်လုပ်ရေးစားရိတ်တွေကလည်း အတော်လေး ဂရုစိုက်ပြီး တွက်ချက်ထားရပါတယ်။

လောလောဆယ် အတော်လေး လှုပ်နေတဲ့ တရုတ်ကားဈေးကွက်မှာ Xiaomi အနေနဲ့နေရာတစ်ခုရဖို့အတွက် အတော်လေးကြိုးစားရမှာဖြစ်ပါတယ်။ Xiaomi အနေနဲ့ သူတို့EV ကို ၂၀၂၄ မတိုင်ခင်မိတ်ဆက်သွားဖို့ မရှိသေးဘူးလို့ဆိုပါတယ်။ လောလောဆယ်မှာတော့ ကားကိုအသေးစိတ် Design အပြင်၊ Marketing အတွက်ပါ အသေးစိတ်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ Xiaomi အနေနဲ့ ဈေးသက်သာတဲ့ကားထုတ်ဖို့တော့ စဥ်းစားထားပုံမရပါဘူး။

ဒါ့အပြင် Xiaomi EV မှာ Autonomous ပိုင်းနဲ့ Sensor မှာတော့ Hesai Technology ရဲ့ LiDAR Sensor ကိုသုံးမယ်လို့သိရပါတယ်။ Hesai's Hybrid Solid-state LiDAR Sensor AT128 ကို Main Sensor အဖြစ်သုံးထားပြီး ကားရဲ့ ​Autonomous စနစ်ကို ထောက်ပံ့ပေးသွားမှာပါ။

Ref : Arenaev

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဆိုင်ဘာတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ Moscow မြို့မှာ ယာဥ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်ပွား

Next
Next

ဖုန်းအားမြန်မြန် မကုန်အောင်ဘာတွေလုပ်မလဲ?