ဆိုင်ဘာတိုက်ခိုက်မှုကြောင့် ရုရှားနိုင်ငံ Moscow မြို့မှာ ယာဥ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်ပွား

ရုရှားနိုင်ငံရဲ့ Taxi App တစ်ခုဖြစ်တဲ့ Yandex Taxi ကို ဖောက်ထွင်းပြီး တက္ကစီအစီးရေ ဒါဇင်နဲ့ချီပြီး တည်နေရာတစ်ခုတည်းကို စေလွှတ်ခဲ့တာကြောင့် ရုရှားနိုင်ငံ မြို့တော် Moscow မြို့မှာ ယာဥ်ကြောပိတ်ဆို့မှု အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကပြုလုပ်ခံခဲ့ရတာဖြစ်ပြီး မြို့တော်ရဲ့ လူထူထပ်တဲ့ နေရာတစ်ခုဖြစ်တဲ့ Boulevard ကိုအခြေပြုပြီး ကားလမ်းတွေပိတ်ခဲ့တာဖြစ်ပါတယ်။

Twitter နဲ့ Reddit မှာ တက္ကစီအစီးရေ ဆယ်ချီပြီး အတန်းလိုက် တစ်နေရာတည်းကို သွားဖို့ကြိုးစားနေတဲ့ Video ကို တင်ထားခဲ့သလို နဂိုကတည်းက Moscowဟာ ကမ္ဘာ့ကားလမ်းအပိတ်ဆုံးနေရာ ဒုတိယနေရာအဖြစ်လည်း မှတ်တမ်းတင်ခံထားရပါတယ်။ ဒီလိုဖြစ်နေရတာဟာ မြို့ရဲ့ လမ်းအနေအထားတွေ မသေသပ်လို့လည်းဖြစ်ပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ မနက်မှာ Yandex Taxi ဟာ Hackerတွေတိုက်ခိုက်ခံရပြီး တက္ကစီယာဥ်မောင်းများစွာဟာ မြို့တော်ရဲ့တစ်နေရာထဲကို သွားဖို့ ညွန်းကြားစာတွေလက်ခံရရှိခဲ့တာဖြစ်ပါတယ်။ Yandex Taxi ဆိုတာ Russia ရဲ့ Tech Giant ကြီးဖြစ်တဲ့ Yandex ပိုင်ဆိုင်ပြီး အစိုးရပိုင်းဆိုင်ရာနဲ့လည်း မကင်းတဲ့ အဖွဲ့အစည်း ကုမ္ပဏီကြီးတစ်ခုပါ။ Yandex အနေနဲ့ နောက်ထပ်တိုက်ခိုက်မှုတွေမဖြစ်အောင် Security ပိုင်းကိုမြှင့်တင်ထားပြီးဖြစ်သလို ယာဥ်ကြောပိတ်ဆို့မှုဟာ ၁ နာရီခန့်ကြာမြင့်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Yandex အနေနဲ့ တိုက်ခိုက်သူတွေဟာ ဘယ်သူလဲဆိုတာကို ထုတ်ဖော်ထားခြင််းမရှိပဲဲ အမည်မဖော်လိုသူ ဟတ်ကာအဖွဲ့တစ်ခုကတော့ သူတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံထားပါတယ်။ အဆိုပါဂရုဟာ ယူကရိန်းစစ်တပ်နဲ့ လက်တွဲထားပြီး ရုရှား ယူကရိန်းကို ကျူးကျော်စစ်စတင်ကတည်းက စတင်ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ကြောင်း ကြော်ငြာထားပါတယ်။ ၂၀၂၂ အစပိုင်းတုန်းကလည်း Anonymous Hacker အဖွဲ့တစ်ခုက Russia ကို ဆိုင်ဘာစစ်ပွဲ "Cyber War" ကြေငြထားပြီး Russia ရုပ်သံတစ်ခုကို ထိုးဖောက်ကာ ယူကရိန်းနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ ရုပ်သံတွေကို ထုတ်လွှင့်ခဲ့ပါသေးတယ်။ ဒါ့အပြင် Hacker တွေအနေနဲ့ ဒေတာအချက်အလက်ပေါင်းများစွာနဲ့ အစိုးရအေဂျင်စီတွေအသုံးပြုတဲ့ Email ပေါင်းများစွာကို ထုတ်ပြန်ထားပြီး ရုရှားကို ဆိုင်ဘာတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အစစ်အမှန်ကိုပဲ မြင်ရမယ့် Social Media အသစ်

Next
Next

LiDAR ပါဝင်ပြီး Sedan Type ဖြစ်လာမယ့် Xiaomi ပထမဆုံး လျှပ်စစ်ကား