Lens Partnership အတွက်ပြင်ဆင်နေတဲ့ Tecno

ကမ္ဘာ့ဖုန်းဈေးကွက်ရဲ့ Top 10 ဝင်ကုမ္ပဏီတစ်ခုဖြစ်လာတဲ့ Tecno ဟာသူရဲ့နောက်ထပ်ခြေလှမ်းတစ်ချို့ကိုလည်း ထုတ်ပြလိုက်ပါတယ်။ ဒါကတော့ Premium Market ကိုဝင်ဖို့အတွက် Collab လုပ်ဖို့ ကုမ္ပဏီရှာနေခြင်းဖြစ်ပါတယ်။ လောလောဆယ်မှာလည်း SmartPhone Camera Innovation မှာလည်း Tecno က Leader ဖြစ်တယ်လို့ ခံယူထားပုံရပါတယ်။ ဒါကြောင့်မို့နောက်လာမယ့် Tecno ဖုန်းတွေအတွက် နာမည်ကြီး Photography industory ထဲက ကုမ္ပဏီကြီးတွေနဲ့ တွဲဖက်လုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Tecno Phantom X2 Launch လုပ်တုန်းကလည်း ကင်မရာအတွက် နာမည်ကြီး Portrait Photographer တစ်ဦးဖြစ်တဲ့ Rankin ဆိုသူနဲ့ consult လုပ်ပြီးမှ ခုလို Retract လုပ်နိုင်တဲ့ ကင်မရာဒီဇိုင်းကိုပြုလုပ်ဖြစ်ခဲ့ကြောင်းနဲ့၊ Phantom X2 မှာ Bokeh အဖက်ရဖို့ Computational Effect မဟုတ်ပဲ Lens နဲ့သာလုပ်ဆောင်ခဲ့ကြောင်း ဆိုထားပါတယ်။

Hasselblad, Leica and Zeiss တို့ကတော့လောလောဆယ် တွဲဖက်တွေရှိပြီးသားဆိုတော့ Tecno အနေနဲ့ ဘယ်ဘရန်းကြီးနဲ့လက်တွဲမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ မိတ်ဆွေတို့ရော Tecno ကို ဘယ် Camera Brand နဲ့တွဲမြင်ချင်လဲဗျ?

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Drone နဲ့ပစ္စည်းစပို့နေပြီဖြစ်တဲ့ Amazon

Next
Next

Censorship ကိုကျော်လွှားနိုင်မယ့် StarLink