Censorship ကိုကျော်လွှားနိုင်မယ့် StarLink

အီရန်နိုင်ငံဟာ နိုင်ငံသားတွေကို ISP တွေကတစ်ဆင့် Internet Freedom ကိုပိတ်ပင်ထားပါတယ်။ ဒါပေမယ့် ဒီကိစ္စက အဖြေရှိပါတယ်။ ဘာလဲဆိုတော့ Elon Musk ရဲ့ StarLink Satellite ဖုန်းတွေကတစ်ဆင့် အင်တာနက်သုံးခြင်းပါပဲ။ ကိုယ်ပိုင်အစိုးရချုပ်ကိုင်ထားခြင်းမရှိတဲ့ ဒီ Internet Service မှာပိတ်ပင်ထားမှုတွေ ရှိမှာမဟုတ်ပါဘူး။

SpaceX ရဲဲ့ CEO Elon Musk ကိုယ်တိုင်ကလည်း လောလောဆယ် အီရန်မှာ SpaceX ဂြိုလ်တုပေါင်း ၁၀၀ ခန့် အသက်ဝင်နေပြီဖြစ်တယ်လို့ ကြေငြာထားပါတယ်။ နောက် ၃ လအတွင်းမှာ SpaceX အင်တာနက်ကို အီရန်မှာ စတင်အသုံးပြုလာနိုင်မယ်လို့လည်း ကြေငြာထားပါတယ်။ အီလွန်အနေနဲ့ အီရန်နိုင်ငံကို အင်တာနက်ပေးဖို့အတွက် အမေရိကန်အစိုးရရဲ့ ထောက်ပံ့အားပေးမှုကိုလည်း ရထားသလို၊ ဖိနှိပ်ခံနိုင်ငံတွေမှာ Internet Freedom, Information Freeflow ဖြစ်ဖို့ ကြိုစားမယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံမှာ ၂၀၂၂ Spetember အတွင်း အမျိုးသမီးတစ်ဦး ဘာသာရေးအရ အဝတ်အစားဝတ််တာ မသင့်လျော်ဘူးဆိုပြီး ရဲတပ်ဖွဲ့က ရိုက်နှက်လို့ သေဆုံးရာကစပြီး ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ အဆိုပါအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲအနေနဲ့ သတင်းအမှောင်ချတာနဲ့၊ အင်တာနက်ဖြတ်တောက်မှုတွေကို တိုက်ထုတ်ဖို့ Elon ကစီစဥ်နေတာဖြစ်ပါတယ်။

Ref : Reuters

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Lens Partnership အတွက်ပြင်ဆင်နေတဲ့ Tecno

Next
Next

ထင်ထားတာထက် စောပြီးမိတ်ဆက်လာတဲ့ OnePlus 11