Drone နဲ့ပစ္စည်းစပို့နေပြီဖြစ်တဲ့ Amazon
ကမ္ဘာ့အကြီးဆုံး Shopping Platform တစ်ခုဖြစ်တဲ့ Amazon ဟာ US မှာရှိတဲ့ California နဲ့ Texas ပြည်နယ် တစ်ချို့မြို့နယ်တွေမှာ Drone တွေအသုံးပြုပြီး ပစ္စည်းပို့ဆောင်ခြင်းကို စတင်နေပြီဖြစ်ပါတယ်။
လောလောဆယ် ခရစ်စမတ်နဲ့ ပိတ်ရက်မှာတော့ ပုံမှန်ချိန်ထက် ပစ္စည်းအမှာတွေ ပိုများတတ်တာကြောင့် စမ်းသပ်တဲ့အနေနဲ့ Amazon Prime Air လို့အမည်ပေးထားတဲ့ ဒီ Service ကိုစတင်နေတာဖြစ်ပါတယ်။ Drone တွေဟာ သာမန်ပစ္စည်းပို့သူတွေလို အိမ်ရှေ့မှာ ပစ္စည်းချခဲ့တာမဟုတ်ပဲ လက်ခံမယ့်သူရဲ့ ခြံနောက်ထဲကို ပစ္စည်းတွေပို့ပေးတယ်လို့သိရပါတယ်။ Drone တွေရဲ့ ပျံသန်းမှုအတွက် နေရာလိုအပ်တာကြောင့် ခြံနောက်ကိုပျံသန်းရတယ်လို့ သိရပါတယ်။
Drone တွေကို လျှပ်စစ်နဲ့ပျံသန်းတာကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့ကျစေတာမို့ US အာဏာပိုင်တွေအနေနဲ့ Amazon ကိုDrone ပျံသန်းခွင့် ၂၀၂၀ ကတည်းကချပေးပြီးသားဖြစ်ပါတယ်။ Amazon အသုံးပြုသူတွေအနေနဲ့ Drone Delivery ရနိုင်မယ့် Area တွေကို App ထဲမှာမြင်ရမှာဖြစ်ပြီး လောလောဆယ်မှာတော့ Delivery Center နဲ့ ပတ်လည် ၃မိုင်ခွဲအတွင်းမှာဆိုရင် Drone Deli ရနိုင်မယ်လို့သိရပါတယ်။
Ref : The Verge