Leica နဲ့ Collab ပြီးထွက်လာမယ့် Xiaomi ဖုန်းများ

စမတ်ဖုန်းတွေအနေနဲ့ နာမည်ကြီး ဖုန်းဆင်ဆာတွေနဲ့ ပေါင်းပြီး ကင်မရာတွေကို ပိုကောင်းအောင် လုပ်နေကြတာ ဒီနေ့ခေတ်မှာ ခဏခဏပါပဲ။ ဒီလို Branding လုပ်ခြင်းအားဖြင့် သူတို့ရဲ့ နောက်ဆုံးပေါ်ဖုန်းတွေပို ရောင်းအားတက်လာအောင် လုပ်ကြတာ ထုံးစံပါပဲဲ။ ဒီလို ပေါင်းလိုက်ပေမယ့် ဘာမှတော့ ထူးထူးခြားခြား ပိုကောင်းလာတာမရှိပေမယ့် Overal Camera Experience တွေတော့ တက်လာတာရှိပါတယ်။ ဒီလို Partner လုပ်တာကို စလိုက်တာကတော့ Huawei လို့မှတ်နိုင်ပါတယ်။ ၂၀၁၆ တုန်းက နာမည်ကြီး ကုမ္ပဏီကြီးဖြစ်တဲ့ Leica နဲ့ပေါင်းပြီး ဖုန်းတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီပူပေါင်းမှုဟာ ၂၀၂၁ မှာကုန်ဆုံးသွားတာဖြစ်ပြီး Huawei P50 ဟာ နောက်ဆုံး Leica ပါဝင်တဲ့ ဖုန်းဖြစ်ပါတယ်။

Leica အနေနဲ့ ခုအခါမှာတော့ Xiaomi နဲ့ တရားဝင်ပူးပေါင်းလိုက်ပြီဖြစ်ပြီး Xiaomi 12 Ultra မှာ Leica ပါဝင်လာမှာ ဖြစ်ပါတယ်။ Xiaomi CEO Lei Jun အနေနဲ့ Xiaomi Processor တွေရဲ့ စွမ်းအားနဲ့ Leica ရဲ့ ကာလာတွေကို ပေါင်းစပ်ပြီး ပိုမိုကောင်းမွန်တဲ့ ကင်မရာအရည်အသွေးတွေကို ရရှိဖို့ လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။

ခုလို ပူးပေါင်းပြီး နိုင်ငံတစ်ကာက ကုမ္ပဏီနှစ်ခုလုံးရဲ့ အသုံးပြုသူတွေကို စွဲဆောင်ယုံမက ပိုကောင်းတဲ့ Exclusive Camera Mode နဲ့ Color Science တွေပါလာမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ခုလိုမျိုး မိတ်ဖက်လုပ်ဆောင်တာတွေ OnePlus နဲ့ Hasselbald မှာလည်း တွေ့နိုင်ပါတယ်။ ရေရှည်မှာ ဘယ်လိုပိုကောင်းတဲ့ လက်တွဲမှုမျိုးတွေ ပါလာမလည်းဆိုတာ စောင့်ကြည့်ရမှာပါ။

Xiaomi Mi 11 Ultra မှာတော့ 1/1.12-inches ISOCELL GN2 50MP sensor ကြီးကြောင့် အတော်လေး အားရစရာ Performance ကိုမြင်ခဲ့ရပါတယ်။ 12 Ultra မှာလည်း ပိုကကြီးတဲ့ Sensor ပါလာမယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Leica ဆိုတာ နှစ်ပေါင်း ၁၅၀ ခန့်ရှိပြီ ဖြစ်တဲ့ ဂျာမဏီနိုင်ငံ အခြေစိုက် ကင်မရာထုတ်လုပ်သူဖြစ်ပြီး အကောင်းစားနဲ့ ကင်မရာတွေ၊ အာကာသယာဥ်တွေမှာပါ သုံးတဲ့ ကင်မရာတွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။ Leica အနေနဲ့ Huawei နဲ့ Xiaomi အပြင် Japan ပြည်တွင်းဖုန်းတစ်ချို့ကိုလည်း Sensor ရောင်းချနေပါသေးတယ်။

Ref : Androidpolice

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ကမ္ဘာ့ ပထမဆုံး 500 Hz Display ထုတ်လုပ်မယ့် Asus

Next
Next

ကျောင်းသားတွေအတွက် Apple Music Plan ဈေးမြင့်တက်