ကျောင်းသားတွေအတွက် Apple Music Plan ဈေးမြင့်တက်

လောလောဆယ်မှာ Apple အနေနဲ့ Apple Music အသုံးပြုသူတွေကို Individual, Student, Family နဲ့ Voice Plan ဆိုပြီး လေးမျိုးခွဲထားပါတယ်။ ယခုတက်လာတဲ့ သတင်းတွေအရ နိုင်ငံတစ်ချို့က ကျောင်းသားတွေအနေနဲ့ Apple Music ဈေးတက်သွားမယ့် အကြောင်း Email ရခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေအတွက် Plan ကိုဈေးအနည်းငယ် မြှင့်သွားမယ်လို့ ဆိုပါတယ်။

Twitter မှာတော့ South Africa မှာရှိတဲ့ ကျောင်းသားတစ်ယောက်က Apple အနေနဲ့ သူတို့ရဲ့ Music ကို အသုံးပြုတာကျေးဇူးတင်ကြောင်း လာမယ့် လကစပြီး တစ်လ $1.49 ကနေ $1.99 ဆိုပြီး ဈေးတက်သွားမယ့်အကြောင် Email ရထားတယ်လို့ ဆိုပါတယ်။

MacRumors မှာတင်ထားတဲ့ သတင်းတွေအရ ဒီသတင်းဟာ မှန်ကန်ပြီး South Africa တင်မဟုတ်ပဲ Australia, Philippines, Singapore, Malaysia, Saudi Arabia, New Zealand, India, Indonesia, Israel နဲ့ Kenya တို့မှာရှိတဲ့ ကျောင်းသားတွေအနေနဲ့လည်း ဈေးတက်သွားတာကို သတိိထားမိတယ်လို့ ဆိုပါတယ်။ နောက်ထပ်စာရင်းထဲ မပါတဲ့နိုင်ငံတွေလည်း ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတွေရဲ့ ငွေဈေးကွက် မတည်ငြိမ်တဲ့အခါ မကြာခဏဆိုသလို Apple ဖက်ကနေ ဈေးတွေတက်သွားတတ်ပြီး မနှစ်ကလည်း Spotify အနေနဲ့ ဥရောပဖက်မှာ ဈေးတက်သွားတာမျိုးတွေရှိခဲ့ပြီး April 2021 မှာ Student Plane ကို တစ်ယူရို ဈေးတက်သွားတာမျိုး ရှိပါတယ်။

Apple အနေနဲ့ ဈေးတက်တဲ့ကိစ္စကို တစ်ကမ္ဘာလုံးတက်မလား တစ်ချို့နိုင်ငံတွေပဲလားဆိုတာတော့ သေချာမသိရေသးပဲ Apple One ကို လူတွေ ဝယ်အောင် တမင်ဈေးကတ်နေသလားဆိုတာလည်း မေးခွန်းထုတ်နေကြပါတယ်။ ဒါပေမယ့် ဈေးတက်တယ်ဆိုတာ မသိသာအောင် ပမာဏနည်းတာမို့ တမင်းဈေးတက်တာမဟုတ်ပဲ ဈေးညှိတာဖြစ်နိုင်ပါတယ်။

Ref : 9to5Mac

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Leica နဲ့ Collab ပြီးထွက်လာမယ့် Xiaomi ဖုန်းများ

Next
Next

တရုတ် Display ထုတ်လုပ်ရေးတစ်ခုဖြစ်တဲ့ BOE အနေနဲ့ iPhone 14 OLED ထုတ်လုပ်ရေး ရပ်ဆိုင်းနိုင်ရချေရှိ