ကမ္ဘာ့ ပထမဆုံး 500 Hz Display ထုတ်လုပ်မယ့် Asus

Nvidia နဲ့ Asus တို့အနေနဲ့ ကမ္ဘာ့ပထမဆုံး 500 Hz ရှိတဲ့ Display ကို ထုတ်လုပ်သွားမယ်လို့ Computex 2022 မှာကြေငြာခဲ့ပါတယ်။ ဒီနှစ်စပိုင်းတုန်းကလည်း Prototype Version ကိုထုတ်ပြပြီးသာဖြစ်ပါတယ်။ Asus အနေနဲ့ 24 လက်မရှိပြီး 500Hz ရှိတဲ့ 1080p Display ကိုထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်နေ့မှာ Launch လုပ်မယ်ဆိုတာကိုတော့ ကြေငြာထားခြင်း မရှိသေးပါဘူး။

လွန်ခဲ့တဲ့၂ နှစ်က Nvidia နဲ့ Asus တို့ ပူးပေါင်းပြီး 360Hz Gaming Monitor ကို CES. 2020 အတွက် ထုတ်လုပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ 500 Hz Monitor ကိုထုတ်လုပ်ဖို့ ထပ်မံကြေငြာခဲ့တာပါ။ PC ဂိမ်းဆော့သူ အများစုကတော့ 144Hz Monitor ကိုသာ အသုံးများကြပါတယ်။ 240Hz ကိုသုံးတဲ့သူဆိုတာ ရှားပါတယ်။ ဒါကြောင့် 500Hz ဆိုတာ အတော်လေး ပိုလွန်းတယ်လို့ ပြောရပါမယ်။ ဒါပေမယ့် Nvidia ကတော့ 144 Vs 240 Vs 500 Hz တွေကြားမှာ ကွာခြားမှုကို သေချာယှဥ်ပြထားပြီး အကောင်းတစ်ကာ့ အကောင်းဆုံးကို လိုချင်တဲ့ သူတွေကို ရည်ညွန်းတယ်လို့ ဆိုပါတယ်။

Nvidia အနေနဲ့ Frame Rate ကွာခြားမှုတွေကို Phantom VEO 640S Camera နဲ့ နှိုင်းယှဥ်ပြထားပြီး ဒီ ကင်မရာမှာ 72GB ရှိတဲ့ RAM တပ်ဆင်ထားပြီး 1000FPS ထိဖမ်းယူနိုင်တယ်လို့ သိရပါတယ်။ Nvidia ကတော့ ပိုကောင်းလာတဲ့ ဖရိန်တွေကြောင့် FPS ဆော့သူတွေ ပိုပြီး Target ကို ချိန်ရတာ လွယ်လာပြီး ကောင်းကောင်းဆော့ကစား နိုင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Latency နည်းအောင် ပြုလုပ်ထားလို့ 240Hz ဒါမှမဟုတ် 144Hz တွေထက် Game တွေမှာ Lag တာနည်းသွားမယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ပိုကောင်းတဲ့ ရုပ်ထွက်တွေနဲ့ Lag တာနည်းဖို့ဆိုရင် ပိုကောင်းတဲ့ Graphics Card တွေလည်း လိုဦးမှာပါ။ ဒီ 500 Hz Monitor နဲ့ဆော့ဖို့ဆိုရင် နောက်ထွက်လာမယ့် Next Gen RTX 4090 Card ကိုထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။ လောလောဆယ် Game တွေဟာ 500Hz ကို Support လုပ်မလုပ် မသေချာသေးတာကြောင့် ဒီ Monitor ရဲ့ Frame Rate ကို ကောင်းကောင်းသုံးဖို့ဆိုရင် Game တွေအနေနဲ့လည်း 500Hz ကို Support လုပ်ဖို့ Optimize ဖြစ်ဖို့ လိုပါတယ်။ Spec မသေးတဲ့ Tech ပစ္စည်းတွေဖြစ်တော့ ဈေးကလည်း သေးမှာမဟုတ်ပါဘူး။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Street View ၁၅ နှစ်ပြည့်မှာ Camera အသစ်ကို Google မိတ်ဆက်

Next
Next

Leica နဲ့ Collab ပြီးထွက်လာမယ့် Xiaomi ဖုန်းများ