Leaked ဖြစ်လာတဲ့ Screenshot ကနေ သိလာရတဲ့ New MIUI Features များ

MIUI 14 ထွက်ဖို့လည်း သိပ်မလိုတော့ပါဘူး။ ဒါ့အပြင် Forum တွေမှာလည်း အတော်လေး ဒီကိစ္စကို အပြောများနေကြတာပါ။ ဒီတစ်ခါထွက်လာမယ့် MIUI 14 ကတော့ Android 13 ကိုအခြေခံပြီး ထွက်လာမယ်လို့ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ Screenshot တွေကို ကြည့်ပြီး ဘာလုပ်ဆောင်ချက်အသစ်တွေ ပါလာမယ်ဆိုတာကို ကြည့်ကြည့်ကြပါမယ်။

ပထမဆုံး Gallery မှာ Text Recognition စနစ်ပါဝင်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပုံတွေမှာပါဝင်တဲ့ စာတွေကို Copy ကူးတဲ့အခါ အရင်လို Google Assisstance ကိုခေါ်စရာမလိုတော့ပါဘူး။ ဒါ့အပြင် Facebook လိုမျိုး On This Day ပါလာတော့ Gallery ထဲမှာပါ Old Memo တွေကို မြင်နိုင်တော့မှာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Bluetooth LE စနစ်ဖြစ်ပါတယ်။ ဒါဟာ Wireless Audio တွေအတွက် ခေတ်သစ်ဖြစ်ပါတယ်။ Wireless ကိုသုံးပြီး High Quality Codec တွေကို နားဆင်နိုင်မယ့် စနစ်ပဲဖြစ်ပါတယ်။ ဒါ့အပြင် FM Radio လိုမျိုး ကိုယ့်ဖုန်းတစ်ခုကို နားကြပ်အများကြီးနဲ့ ဝိုင်းနားထောင်တဲ့ Broadcasting စနစ်ကိုလည်း ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ ဒီစနစ်ကို မျှော်နေတာကြာပြီဖြစ်လို့ တစ်ကယ်အသုံးဝင်မယ့် လုပ်ဆောင်ချက်ဖြစ်လာပါလိမ့်မယ်။

နောက်ထပ်တစ်ခုကတော့ MIUI 14 အနေနဲ့ လုံခြုံရေးကို ဦးစားပေးထားပါတယ်။ သံသယရှိတဲ့ ဖုန်း Call တွေ၊ Messages တွေ၊ Apps တွေကို သုံးစွဲသူထံ အသိပေးမယ်လို့ဆိုပါတယ်။ ဒါ့အပြင် Notification ကိုလည်း အရင်ထက်ပိုပြီး ရှင်းရှင်းလင်းလင်း မြင်ရအောင် ပြထားပေးမှာဖြစ်ပြီး နာရီကိုလည်း ပိုပြီး အကန့်တွေခွဲပြီး ပြထားပါသေးတယ်။ အရင်နှစ်၊ အရင် Version တွေတုန်းက MIUI အနေနဲ့ နှစ်ဝက်မှာ MIUI 12.5 ဆိုပြီး ထွက်ထားပေမယ့် ဒီနှစ်မှာတော့ Xiaomi အနေနဲ့ MIUI 13 ကနေ MIUI 14 ကို တိုက်ရိုက်သွားဖို့ စီစဥ်နေတာဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အင်တာဗျူးအတွင်း ဆောင်ရန်၊ ရှောင်ရန်များ

Next
Next

Chess ထိုးတဲ့စက်ရုပ်က ၇ နှစ်အရွယ် ပြိုင်ဖက်ကစားသမားလက်ချိုးခဲ့