Chess ထိုးတဲ့စက်ရုပ်က ၇ နှစ်အရွယ် ပြိုင်ဖက်ကစားသမားလက်ချိုးခဲ့

ရုရှားနိုင်ငံ မော်စကိုမှာကျင်းပနေတဲ့ ချက်စ် ကစားပြိုင်ပွဲတစ်ခုမှာ လူတွေနဲ့အတူ အသိဉာဏ်တုသုံး စက်ရုပ်တွေလည်း ပါဝင်ကစားခဲ့ပါတယ်။ ဒီလို ကစားနေတုန်းမှာ စက်ရုပ်တစ်ခုက ပြိုင်ဖက်ရဲ့ လက်ကိုချိုးခဲ့ပြီး ချိုးခံခဲ့ရတဲ့ သူက ၇ နှစ်အရွယ်ကလေးဖြစ်ပါတယ်။

စက်ရုပ်က ကလေးငယ်ရဲ့ လက်ချောင်းကို ချိုးခဲ့တာဖြစ်တယ်လို့ မော်စကို ချက်စ်အသင်းဥက္က၎ဖြစ်သူ Sergey Lazarev ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီကိစ္စဟာ ဆိုးရွားလွန်းတဲ့ ကိစ္စဖြစ်ပြီး စုံစမ်းမှုတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ဗွီဒီယိုဖိုင်တွေအရ စက်ရုပ်က ကောင်လေးရဲ့ ချက်စ်တစ်ခုကို စားလိုက်ပြီးနောက် ကောင်လေးက သူ့အလှည့်ချက်စ်ရုပ်ကို ရွှေ့နေတုန်းမှာ စက်ရုပ်က ကောင်လေးလက်ကို ဖမ်းယူပြီး ချိုးလိုက်တာလို့ ဆိုပါတယ်။ အဲ့ဒီနောက် အနီးနားက လူကြီးတွေက မေ့လဲသွားတဲ့ ကလေးကို အပြေးအလွှား ကူညီခဲ့ကြပါတယ်။

Lrzarev က ဒီစက်ရုပ်ဟာ အရင်တုန်းကလည်း ဘာပြဿနာမှ မဖြစ်ပဲ ပွဲပေါင်းများစွာ ဆော့ကစားခဲ့ဖူးပြီး ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တဲ့ ပြဿနာလို့ ဆိုပါတယ်။ လက်ကျိုးသွားတဲ့ ကလေးအနေနဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာ ပြန်လည်ပြီး ဆော့ကစားနိုင်ခဲ့ပြီး ကစားပွဲကို ပုံမှန်အတိုင်း အဆုံးသတ်ခဲ့တယ်လို့ဆိုပါတယ်။ AI တွေကို ပြဿနာရှိလာနိုင်လားဆိုတဲ့ ခေါင်းစဥ်နဲ့ မှတ်ချက်ပေးခံနေရတာတွေရှိနေချိန်မှာ ခုလိုဖြစ်လာတဲ့အတွက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရုရှားချက်စ်အသင်းက စာထုတ်ပြန်ထားပါတယ်။

Ref : BBC

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Leaked ဖြစ်လာတဲ့ Screenshot ကနေ သိလာရတဲ့ New MIUI Features များ

Next
Next

India မှာရှိတဲ့ Honor ဝန်ထမ်းတွေကို ပြန်ခေါ်ယူထား