Leak ဖြစ်လာတဲ့ Xiaomi 13, Pro Renders များ

Leaker တစ်ယောက်ဖြစ်တဲ့ Steve Hemmerstoffer က Xiaomi 13 Models တွေရဲ့ Render တွေထုတ်ပြထားပါတယ်။ iPhone ရဲ့ ပုံစံတစ်ချို့ကို Xiaomi 13 မှာမြင်ရပါတယ်။ Pro Model မှာ Camera Bump ကြီးနဲ့ဖြစ်ပါတယ်။ Pro Model မှာ Curve Screen ဖြစ်ပြီး ရိုးရိုး Model ကတော့ လေးထောင့်ပုံစံ Flat Screen ဖြစ်သွားပါမယ်။​ ရိုးရိုး Model မှာ 6.2 လက်မရှိတဲ့ Flat Screen ကို Punch Hole Center Camera နဲ့ဖြစ်ပါတယ်။

နောက်ကျောက ကင်မရာအဖုကြီးက လေးထောင့်ဖြစ်သွားပြီး ကင်မရာ ၃ လုံးနဲ့ဖြစ်ပါတယ်။ Phone Dimension ကတော့ 152.8 x 71.5 x 8.3 mm ပဲဖြစ်ပါတယ်။ Xiaomi 13 Series ကို နောက်လ ဒီဇင်ဘာမှာ မိတ်ဆက်ဖို့ စီစဥ်နေပြီး Xiaomi ရဲ့ ထုံးစံအတိုင်း IR Blaster ပါဝင်နေဆဲဖြစ်ပါတယ်။ ဒါ့အပြင် Sensor တွေလည်း အများကြီး ပါဝင်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Xiaomi ဖက်ကတော့ တရားဝင်ထုတ်ပြန်ချက်တွေ၊ မိတ်ဆက်မယ့်ရက်တွေ မကြေငြာသေးပေမယ့် December 28 မှာ မိတ်ဆက်သွားနိုင်တယ်လို့ အရင်တုန်းက ကလင်ဒါကျ မိတ်ဆက်ပုံတွေအရ ခန့်မှန်းထားပါတယ်။

Ref. : Android Authority

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ခေါက်လို့ရတဲ့ iPhone

Next
Next

iPhone 15 မှာ အရင် မော်ဒယ်တွေနဲ့ မတူပဲ ဘာတွေပြောင်းသွားနိုင်လဲ