ခေါက်လို့ရတဲ့ iPhone

ခေါက်လို့ရတဲ့ iPhone ဆိုရင် မိတ်ဆွေတို့ စိတ်ဝင်စားကြမလား။ Apple ရဲ့ Timeline နဲ့ဆိုရင် ခေါက်လို့ရတဲ့ iPhone ဆိုတာ အဝေးကြီးမှာရှိပါသေးတယ်။ iPad မှာ အရင်လာမလား၊ iPhone မှာ အရင်လာမလားဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် ဒီ Project ကို တရုတ်နိုင်ငံက ဖုန်းရူးသွပ်သူတွေက အတူတူ စုပေါင်းပြီး ခေါက်လို့ရတဲ့ iPhone ကို DIY လုပ်ခဲ့တာပါ။

Tech Aesthetics လို့ခေါ်တဲ့ နည်းပညာဝါသနာရှင်တွေက ခေါက်လို့ရတဲ့ iPhone ကို Motorola Razr 2019 Body ရဲ့ ခေါက်တဲ့နည်းပညာ ကိုအခြေခံပြီး iPhone X ကို Modified လုပ်ခဲ့ပါတယ်။ ခေါက်လို့ရတဲ့ ဒီ iPhone ကို iPhone V လို့ နာမည်ပေးထားပြီး ဖုန်းဖြစ်မြောက်လာဖို့အတွက် ရက်ပေါင်း ၃၀၀ ခန့်အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

Display ကိုခေါက်နိုင်ဖို့အတွက် iPhone X Screen ပေါင်း ၃၇ လုံးကို Touch Layer နဲ့ Glass Cover ကိုမထိစေပဲ Flexible ဖြစ်တဲ့ LED Panel ပဲရအောင် ခွာလိုက်, ကပ်လိုက်နဲ့ အတော်လေး အလုပ်အရှုပ်ဆုံး အပိုင်းဖြစ်တယ်လို့ဆိုပါတယ်။​ ခေါက်တဲ့အပိုင်းအတွက် Motorola Razr ရဲ့ Foldable နည်းပညာကို ယူသုံထားပြီး Moterboard တွေနဲ့ အထဲပိုင်း Circiut အနေအထားတွေကိုတော့ Budget မလောက်လို့ 3D Print ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Battery ကိုတော့ Design ပိုင်းအားနည်းချက်ကြောင့် 1000mAh ပဲရှိတဲ့ Battery ပဲထည့်နိုင်ခဲ့တယ်လို့ သူတို့က ဝန်ခံထားခဲ့ကြပါတယ်။

ဖုန််းဟာ Prototype လို့ သိရအောင်ပဲ မသေသပ်မှုတွေ၊ အပြစ်အနာအဆာတွေ အများကြီးရှိနေပေမယ့် နည်းပညာ ရူးသွပ်သူတွေ ဒီလောက်ထိဖြစ်အောင် တီထွင်နိုင်တာ ချီးကျူးရမှာပါ။ နောက်တစ်ခု ထူခြားတာက Hardware တင်မဟုတ်ပဲ Software ကိုလည်း iOS ကို Jailbreak ပြီး Foldable နဲ့ကိုက်ညီအောင် ပြုလုပ်ခဲ့တာပါ။ Split Screen နဲ့ ဖုန်းနဲ့ ကိုက်ညီတဲ့ UI တွေပြင်ထားခဲ့တယ်လို့ ဆိုပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Bend Test တွေမှာ Asus ROG ဖုန်းတွေဘာကြောင့် အလည်က ထက်ပိုင်းကျိုးနေရတာလဲ

Next
Next

Leak ဖြစ်လာတဲ့ Xiaomi 13, Pro Renders များ