iPhone 15 မှာ အရင် မော်ဒယ်တွေနဲ့ မတူပဲ ဘာတွေပြောင်းသွားနိုင်လဲ

iPhone 15 ထွက်ဖို့ဆိုတာ တစ်နှစ်လောက်ကြာဦးမယ့်ကိစ္စဖြစ်ပါတယ်။ iPhone 14 ကလည်း ထွက်ထားတာ ပူပူနွေးနွေးပဲရှိပါသေးတယ်။ ဒါပေမယ့် လတ်တစ်လော ပြောင်းလဲနေတဲ့ ဥပဒေတွေနဲ့၊ နည်းပညာရေစီးကြောင်းတွေအရ အရင် Line Up တွေနဲ့မတူပဲ သိသိသာသာပြောင်းသွားနိုင်တဲ့ iPhone 15 အကြောင်းကို ဆွေးနွေးချင်ပါတယ်။

၁. Lighting Port ပျောက်သွားမလား?

Lighting Port ကို Apple ကခေါင်းမာပြီး ဆက်သုံးနေဆဲဖြစ်ပါတယ်။ iPhone 14 မှာပြောင်းတော့မယ်ထင်ခဲ့ကြပြီး မျှော်လင့်ကြပေမယ့် User ကိုမကြည့်ပဲ ညစ်ပတ်ပြီး Apple က ဆက်လုပ်ပြီး Lighting Port ကိုပဲ သုံးခဲ့ပါတယ်။ ဒါပေမယ့် EU ကချမှတ်လိုက်တဲ့ USB-C Port Law အရ Lighting Port ကိုမသုံးရတော့တာမို့ USB-C ဒါမှမဟုတ် တစ်မင်ထပ်ညစ်ပတ်ပြီး Wireless Charging ကိုပဲ သုံးလာမလား စောင့်ကြည့်ရပါမယ်။ တစ်ခုရှိတာက Data Transfer နဲ့တစ်ခြားကိစ္စတွေအတွက် ဘယ်လိုလုပ််မလဲစောင့်ကြည့်ရပါမယ်။

၂. Solid State Buttons

ရှေ့မှာပြောခဲ့ဖူးတဲ့ Physical Button တွေအစား Solid State Button တွေကို iPhone 8 မှာတုန်းက သုံးခဲ့သလို power နဲ့ Volume Control အတွက် အသုံးပြုလာနိုင်တယ်ဆိုတဲ့ သတင်းကလည်း အတော်လေး ခေတ်စားနေပါတယ်။

၃. Model ပါလာမယ့် Dynamic Island

တစ်ကယ်တော့ ဖုန်းတိုင်းအတွက် ထည့်ပေးနိုင်တဲ့ ကျွန်းကြီးကို ညစ်ပတ်ပြီး Pro မှာပဲ ထည့်ပေးမယ့် အစား Model တိုင်းမှာ ကျွန်းကိုယ်စီနဲ့ ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ လူတိုင်းကျွန်းကိုင်နိုင်ပါပြီ။

၄. Periscope Lens Technology

နှစ်တွေကြာအောင် Periscope Lens Technology ကို Apple ကလုပ်နေပါတယ်ဆိုတော့ iPhone 15 မှာ ပွဲထုတ်လားဆိုတာ ရင်ခုန်ရပြန်ပါတယ်။​ ဒီနည်းပညာနဲ့ဆိုရင် Zoom ဆွဲနိုင်တဲ့ စွမ်းရည်ပိုမြင့်လာပါမယ။

၅. ပိုများလာမယ့် ​RAM ပမာဏ

ပိုကောင်းလာမယ့် Chipset နဲ့ ကင်မရာနည်းပညာ ပါဝင်လာရင် RAM ကိုလည်း မြှင့်ဖို့လိုကောင်းလိုလာပါလိမ့်မယ်။ အဲ့တော့ အနည်းဆုံး RAM 8GB ပါဝင်လာနိုင်ပါတယ်။

Ref : Mac Rumors

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Leak ဖြစ်လာတဲ့ Xiaomi 13, Pro Renders များ

Next
Next

ဆွဲဆန့်နိုင်တဲ့ LG Display