iPhone 14 Pro နဲ့ Pro Max မှာ AOD ပါလာနိုင်မလား

Apple အနေနဲ့ နောက်ဆုံးမှာတော့ AOD ကို 14 Pro နဲ့ Pro Max မှာထည့်ပေးလိုက်မယ်လို့ ထင်ရပါတယ်။ AOD ကို iOS 16 Update နဲ့အတူ ထည့်ပေးလိုက်နိုင်ပြီး Information အချို့ကိုလည်း AOD မှာ Noti ပြလို့ရအောင် ပြင်ဆင်လာနိုင်ပါတယ်။

Bloomberg ရဲ့အဆိုအရ iPhone တွေမှာပါလာမယ့် AOD ဟာ Apple Watch Series 5 နဲ့အထက် တွေမှာပါလာမယ့် လုပ်ဆောင်ပုံတွေနဲ့ ဆင်တူမယ်လို့ သိရပါတယ်။ iPhone 14 Pro နဲ့ Pro Max မှာ Lock Screen Frame Rate ကို ချပြီး AOD ကိုဖွင့်ပေးသွားမှာဖြစ်ပြီး Screen ကိုဖွင့်ထားတုန်းမှာ အားကုန်သက်သာအောင် လုပ်ဆောင်ပေးသွားမှာပါ။ ဒါပေမယ့် Apple အနေနဲ့ AOD အတွက် Watch တွေမှာသုံးတဲ့ Low Temperature Polycrystalline Oxide Display ကိုသုံးမလား၊ နည်းပညာသစ်ကိုသုံးမလား ဆိုတာစောင့်ကြည့်ရပါမယ်။ LTPO Display တွေဟာ AOD အတွက် Power Comsumption ပိုင်းမှာ အများကြီး စကားပြောပါတယ်။

မနှစ် iPhone 13 မှတုန်းက LPTO Display နဲ့ AOD ပါလာမယ်လို့ မျှော်လင့်ထားကြပေမယ့် တစ်ကယ်ထွက်လာတော့ မပါလာခဲ့ပြန်ပါဘူး။ Android ဖုန်းတွေမှာ Budget တွေတောင်မှ ပါဝင်နေတဲ့ AOD ကို Apple အနေနဲ့ နှစ်အများကြီး နောက်ကျပြီးမှပဲ ထည့်သွင်းပေးတာဖြစ်ပါတယ်။ AOD တော်တော်များများမှာတော့ အချိန်၊ Battery Level, Widgets နဲ့ တစ်ခြား Information တွေပြသပေမယ့် ​​Apple ကတော့ ဘယ်ပုံစံနဲ့ လာမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

iOS 16 Update နဲ့အတူ Wallpaper Widgets တွေ၊ iPhone 14 နဲ့ iPhone 14 Pro Max တို့အတွက် AOD အပြင် တစ်ခြား Daily ပိုင်းဆိုင်ရာအသုံးတွေမှာ UI အပြောင်းအလဲတွေ များများပါလာမယ်လို့ မျှော်လင့်ရပြီး ရင်ခုန်စွာစောင့်မျှော်ရပါမယ်။ iPhone 13 Users တွေအတွက်တော့ အနည်းငယ် အောင့်သက်သက် ဖြစ်ချင်စရာပါပဲ။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

LCD ထုတ်လုပ်ရေးကို သတ်မှတ်ရက်စွဲထက် ၆ လစောပြီး ရပ်နားသွားမယ့် Samsung

Next
Next

Elon ရဲ့ StarLink တွေကို ရန်ရှာနေတဲ့ တရုတ်ကြီး