Google Pixel 6a ရဲ့ specs တချို့ထွက်ပေါ်လာ

Pixel ရဲ့ affordable ဖြစ်တဲ့ a series ကို Pixel fan တိုင်းမျော်လေ့ရှိကြပါတယ်။ ဒီတစ်ခေါက် Pixel 6a ကတော့ Pixel 6 နဲ့ 6 Pro တို့ရဲ့ design အသစ်လေးကိုဆက်လက်သုံးသွားဖို့ရှိ‌နေပါတယ်။ Pixel 6 series ရဲ့ design လေးကိုလဲကြိုက်တယ်၊ ဒေါ်လာ တစ်ထောင်လောက်ထိလဲမသုံးချင်ဘူးဆိုတဲ့သူတွေအတွက်တော့၀မ်းသာစရာပါ။ 

နောက်ထပ်၀မ်းသာစရာတစ်ခုကတော့ Pixel 6a မှာ Google ရဲ့အသစ်စက်စက်ကိုယ်ပိုင် chipset ဖြစ်တဲ့ Tensor chip ကိုပဲဆက်လက်အသုံးပြုသွားမယ်လို့သိရပါတယ်။ ဒီအတိုင်းသာဆိုရင်တော့ a series ဟာ main flagship series နဲ့ပထမဆုံးအကြိမ်အဖြစ် performance level အတူတူရရှိလာမှာပါ။ ဒါဆိုရင် Pixel 6 series မှာမြင်တွေ့ခဲ့ရတဲ့ Live Translate, Magic Eraser စတဲ့ feature တွေကိုလဲရရှိလာနိုင်ပါတယ်။ သို့ပေမယ့် a series ဟာ affordable ဖြစ်တဲ့အတွက် သေချာပေါက် weight လျော့ထားဦးမှာပါ။ အဖြစ်နိုင်ဆုံးတွေကတော့ display မှာ refresh rate မပါတာမျိုးနဲ့ နည်းနည်းပိုသေးသွားတာမျိုးတို့ပါပဲ။

ကြားရသလောက် 6.2-inch ရှိတဲ့ OLED display ကိုသုံးလာနိုင်ပြီး Pixel 6 ထက်ပိုပြီး compact ဖြစ်လာနိုင်ပါတယ်။ ‌နောက်ထပ်သေချာပေါက် weight လျော့မှာကတော့ camera ပဲဖြစ်ပါတယ်။ Pixel 5 ရဲ့ camera setup ကိုပြန်လည်အသုံးပြုလာဖွယ်ရှိနေတယ်လို့သိရတဲ့ အတွက် Pixel 6 series မှာသုံးထားတဲ့ 50MP lens တွေကိုတော့မျော်လင့်လို့မရတော့ပါဘူး။ Pixel 6 နဲ့ 6 Pro တို့လို triple camera ကိုသုံးမှာမဟုတ်ပဲ dual အနေနဲ့ပဲပွဲထွက်လာနိုင်ပါတယ်။ Main camera အနေနဲ့ Pixel 4,4a,5 တို့ရဲ့ 12.2MP Sony IMX363 sensor၊ Ultra wide lens အဖြစ်သုံးလာနိုင်တဲ့ secondary 12MP Sony IMX355 sensor တို့ကိုတပ်ဆင်လာနိုင်ပြီး selfie ကိုတော့ Pixel 6 ရဲ့ 8MP Sony IMX355 ကိုတပ်ဆင်လာမယ်လို့ဆိုပါတယ်။ Headphone Jack ကတေ့ာပါလာတော့မှာမဟုတ်ပဲ ပထမဆုံး Headphone Jack မပါတဲ့ Pixel a series ဖြစ်လာမှာပါ။ 

Source; gsmarena, android authority

Previous
Previous

vivo မှ Y Series အသစ်ဖြစ်သည့် Y33s ကို မြန်မာနိုင်ငံ၌ မကြာခင် မိတ်ဆက်တော့မည်

Next
Next

Wi-Fi ချိတ်မိနေပြီးလိုင်းမတက်တာဘာကြောင့်လဲ? ဘယ်လိုပြင်မလဲ ?