Portrait အသားပေး camera၊ အရောင်ပြောင်း ကျောဖက် cover တို့နဲ့ ပွဲထွက်လာမယ့် vivo V23 series

ကြည်လင်ပြတ်သားတဲ့ Portrait အလှပုံတွေကို တမူထူးခြားဆန်းသစ်စွာ ရိုက်ကူးနိုင်အောင်ရည်ရွယ်ဖန်တီးလေ့ရှိတဲ့ vivo ရဲ့ V series ဟာအခုတစ်ခါ vivo V23 series မှာလဲ portrait photography ကို နောက်ထပ်တစ်ဆင့်ထိတက်လှမ်းနိုင်မယ့် camera hardware နဲ့ software feature အသစ်တွေကို ထည့်သွင်းပေးလာဖို့ရှိနေပါတယ်။ သိရှိထားရတဲ့အချက်အလက်တွေအရ vivo V series အသစ်ဖြစ်တဲ့ V23 မှာ ပိုကောင်းမွန်တဲ့ camera လုပ်ဆောင်ချက်အသစ်တွေ၊ တစ်ခါမှမမြင်တွေ့ဖူးတဲ့ design ပိုင်းဆန်းသစ်မှုတွေပါဝင်လာပါတယ်။  V23 အသစ်ထွက်ရှိလာမယ့် vivo V23 5G မှာဆိုရင် ကျောဖက် camera နဲ့တင်မဟုတ်ပဲ အရှေ့ဖက် selfie camera နဲ့လဲ အလန်းစား Portrait ပုံတွေကို ရိုက်ကူးနိုင်ဖို့ resolution မြင့် 50MP autofocus Portrait ကို တပ်ဆင်ပေးထားပါတယ်။ AI Extreme Night Portrait ကြောင့် selfie ပုံရိပ်တွေကို အလင်းအားနည်းတဲ့နေရာတွေအပါအဝင် ဘယ်လို lighting condition မျိုးမှာပဲဖြစ်ဖြစ် ရိုက်ကူးနိုင်ပြီး  eye autofocus ပါဝင်လို့ detail ကျပြီး focus ပြတ်သားတဲ့ portrait selfie ပုံတွေကိုရိုက်ကူးပေးနိုင်မှာပါ။

Ultra-wide lens ဟာ ကျောဖက် camera မှာတင်မဟုတ်ပဲ selfie camera အတွက်ပါ အလွန်အသုံးဝင်တဲ့ lens ဖြစ်ပါတယ်။ ဒီအချက်ကိုသိတဲ့ vivo ဟာ vivo V23 5G ရဲ့ dual selfie camera မှာ 105° view angleရှိတဲ့ 8MP ultra-wide lens ကိုထည့်သွင်းပေးထားပါတယ်။ ဒါ့ကြောင့် frame ထဲမှာ အားလုံးပါနိုင်မယ့် group selfie တွေကို distortion မရှိပဲအဆင်ပြေပြေရိုက်ကူးပေးနိုင်မယ့်အပြင် AI Extreme Night Portrait mode ကြောင့် အလင်းအားနည်းတဲ့နေရာတွေမှာပါ တောက်ပတဲ့ family portrait တွေကိုရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ Dual-Tone spotlight flash ကြောင့် မှောင်တဲ့နေရာတွေမှာလိုအပ်တဲ့ အလင်းရောင်နဲ့ exposure၊ contrast နဲ့ dynamic range တို့ကို အကောင်းဆုံးချိန်ညှိပေးပြီး သဘာဝကျတဲ့ portrait ပုံရိပ်တွေကိုရရှိနိုင်စေပါတယ်။ ဒ့ါအပြင် portrait ပုံတွေကို fun ဖြစ်အောင်ဖန်တီးနိုင်မယ့် natural portrait, party portrait, flash portrait စတဲ့ feature အသစ်တွေလဲပါပါသေးတယ်။

အဆင့်မြင့်တင်ထားတဲ့နောက်ကျောဘက် ကင်မရာ

ကျောဖက်မှာလဲအလင်းဖမ်းယူမှုအားကောင်းတဲ့ 0.8μm နဲ့ 64MP ရှိတဲ့ GW1 sensor ကိုတပ်ဆင်ထားတာကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်နေရာမရွေးပဲ ပြီးပြည့်စုံတဲ့ ပုံရိပ်ကောင်းတွေကို detail ကျကျဖန်တီးပေးနိုင်မှာပါ။ Triple camera setup နဲ့ဖြစ်ပြီး 8MP ultra-wide lens နဲ့ 2MP macro lens တို့ကလဲ fun ဖြစ်တဲ့ photography အတွေ့အကြုံရဖို့အားဖြည့်ပေးထားပါသေးတယ်။ မီးရောင်စုံတွေကြားမှာ အလှဆုံးနဲ့သဘာဝအကျဆုံး portrait ပုံတွေဖန်တီးနိုင်ဖို့ boketh flare portrait ကကူညီပေးနိုင်မှာပါ။ videography အတွက် 4K ထိရိုက်ကူးနိုင်မှာဖြစ်ပြီး အလင်းရောင်နည်းနည်းနဲ့လဲ အခက်အခဲမရှိရိုက်ကူးနိုင်ဖို့ Super Night Mode ကိုထည့်သွင်းပေးထားပါသေးတယ်။

တစ်ဖန်ဆန်းသစ်လာတဲ့ ပထမဆုံး အရောင်ပြောင်းနိုင်တဲ့ကျောဘက်ဒီဇိုင်း

 

Camera တစ်ခုထဲကို upgrade ပြုလုပ်လာတာမဟုတ်ပဲ ကျောဖက် design ကိုလဲဘယ် smartphone မှာမှမပါသေးတဲ့ color-shifting glass back panel နဲ့ ပြန်လည်ဆန်းသစ်ထားပါတယ်။ ၂နှစ်လောက်အချိန်ယူဖန်တီးထားတဲ့ fluorite AG glass panel ဟာ UV light နဲ့ထိတွေ့ပြီး စက္ကန့် ၃၀ ခန့်အကြာမှာ စိမ်းပြာ gradient အရောင်ကိုပြောင်းလဲသွားမှာဖြစ်ပြီး အချိန်တစ်ခုအကြာမှာတော့မူလအရောင်ကို ပြန်လည်ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ AG glass ကို crystal layer အထပ်ထပ်နဲ့ texture နဲ့ coating ကို ညက်ညောနေအောင်ဖန်တီးထားတဲ့အတွက် လက်ထဲမှာကိုင်ရတာသက်တောင့်သက်သာရှိတဲ့အပြင် လက်ဗွေရာတွေထင်ခြင်းလဲရှိမှာမဟုတ်ပါဘူး။

Color-shifting AG glass ကို Vivo V23 5G ရဲ့ sunshine gold color မှာတပ်ဆင်ပေးထားပြီး flat metal body ဟာတမူထူးခြားတဲ့အရောင်တွေနဲ့လိုက်ဖက်ညီစေပါတယ်။

Display ပိုင်း Performance နှင့် Battery

 

vivo V23 5G မှာ AMOLED display ကိုတပ်ဆင်လာမှာဖြစ်ပြီး HDR 10+ နဲ့ Hi-res support ပြုလုပ်တာကြောင့် entertainment content တွေကို တောက်ပပြီးအရောင်စိုစိုနဲ့ခံစားနိုင်သလို rich ဖြစ်တဲ့ audio experience ကိုပါရရှိနိုင်မှာပါ။

6nm process နဲ့ 5G chipset ဖြစ်တဲ့ MediaTek Dimensity 920 ကြောင့် CPU နဲ့ GPU လိုအပ်ချက်များတဲ့ app နဲ့ game တွေကိုအထစ်အငေါ့မရှိ အသုံးပြုနိုင်မှာဖြစ်သလို vivo V23 မှာ storage ကို 256GB နဲ့ ram 12GB+4GB extended ram ကိုအသုံးပြုပေးထားတာကြောင့် multitasking ကိုလဲသွက်သွက်လက်လက်ကိုင်တွယ်ပေးနိုင်ပါလိမ့်မယ်။ 44W Flash Charge ကတစ်နေ့တာလုံးဖြတ်သန်းဖို့လိုအပ်တဲ့ battery life ကိုခနလေးနဲ့ပြန်လည်ဖြည့်တင်းဖို့နဲ့ battery ကိုတာရှည်ခံစေဖို့ ကူညီပေးမှာပါ။

Previous
Previous

Intel 12th Gen Vs Ryzen 6000

Next
Next

Hasselblad ကင်မရာပါလာတော့မယ့် Oppo