Hasselblad ကင်မရာပါလာတော့မယ့် Oppo

Oppo ဟာ Oneplus နဲ့မိခင် Company အတူတူဆိုတာ အကုန်လုံးသိကြမှာပါ။ " Never Settle" ဆိုပြီးနောက်ပိုင်းမှာ လူကြိုက်များအောင် ပေါင်းစုံလုပ်နေတဲ့ OnePlus အနေနဲ့ အပြောအဆိုလည်း အတော်ခံနေရပါတယ်။ ခုလည်း OnePlus နဲ့ ကင်မရာပိုင်းဆိုင်ရာအတွက် စာချုပ်ချုပ်ထားတဲ့ Hasselblad အနေနဲ့ Oppo နဲ့ပူပေါင်းဖို့ ထပ်ပြီး စာချုပ်ချုပ်လိုက်တာ သိပ်တော့မထူးဆန်းတဲ့ ကိစ္စပါပဲ။

OnePlus အနေနဲ့ XPan Mode လိုမျိုး Mode တွေအပြင် တစ်ခြား Flagship နဲ့ပတ်သတ်တဲ့ Camera Feature တွေကိုအသုံးပြုနိုင်အောင် Hasselblad နဲ့လက်တွဲခဲ့ပါတယ်။ Oppo အနေနဲ့လည်း ခုလိုမျိုးလက်တွဲတာကို စိတ်ဝင်စားတာကြောင့် ဆွီဒင်အခြေစိုက် Camera ထုတ်လုပ်သူနဲ့ ခုလိုလက်တွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်နိုင်ပါတယ်။

Oppo ဖုန်းတွေကို Camera ပိုင်းမှာ ပိုကောင်းလာအောင်ဖန်တီးဖို့ ကြိုးစားနေတဲ့အကြောင်းကို Oppo အနေနဲ့ တစ်ခြား အပိုင်းတွေဖြစ်တဲ့ Camera UI နဲ့ User Experience ပိုင်းကိုလည်း ပိုကောင်းလာအောင် ဖန်တီးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပုံတွေရဲ့ Color Science ပိုင်းကိုလည်း ပိုကောင်းအောင် ဖန်တီးဖို့ရှိတယ်လို့ ကြေငြာထားပါတယ်။ လတ်တလောထွက်ထားတဲ့ Leak သတင်းတွေအရ Oppo Find X5 Pro မှာ Hasselblad ပါဝင်ပြီး OnePlus 9 နဲ့ ဒီဇိုင်းဆင်တူနေတာဖြစ်ပါတယ်။

ဒါ့အပြင် OnePlus အနေနဲ့ ကင်မရာပိုင်းမှာ Hasselblad ကြောင့်အောင်မြင်သွားတာကြောင့် Oppo ဖုန်းတွေကိုလည်း Hasselblad နဲ့ပေါင်းပြီး Camera Color Performance, Color Tuning အပြင် Color Theory ပိုင်းကိုပါ Hasselblad နဲ့ပေါင်းပြီး အကုန်လုံးမြှင့်တင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်် Google Pixel 6 ရဲ့ Real Tone Feature လိုမျိုး Natural Skin Tone ကိုညှိယူပေးနိုင်မယ့် Color Syn ပုံစံကိုလည်း ထည့်သွင်းသွားမယ်လို့ဆိုပါတယ်။ Oppo ဖုန်းတွေအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကောင်းဆုံးပုံရိပ်တွေကို ဖမ်းယူပေးနိုင်မယ့် ကင်မရာတွေပါဝင်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Oppo အနေနဲ့ Hasselblad ပါဝင်တဲ့ Find X Phone New Generation ဖုန်းတွေကို ၂၀၂၂ အစပိုင်းမှာ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Portrait အသားပေး camera၊ အရောင်ပြောင်း ကျောဖက် cover တို့နဲ့ ပွဲထွက်လာမယ့် vivo V23 series

Next
Next

BlackBerry 5G ဖုန်းထုတ်လုပ်မှုရပ်ဆိုင်း