စကော့တလန် ကထောင်တွေမှာ Drone သုံးပြီး မှောင်ခိုပြုလုပ်နေ

ခုခေတ်မှာ Drone တွေကို နေရာပေါင်းစုံမှာ အသုံးချနေပြီဖြစ်ပါတယ်။ အရင်တုန်းက Drone တွေကို အပျော်တမ်းအဖြစ်ပဲ အသုံးပြုလာရာကနေ စီးပွားရေး၊ ကယ်ဆယ်ရေး၊ စစ်ရေးတွေမှာပါ အရေးကြီးတဲ့ အခန်းကနေပါဝင်လာပါတယ်။ Amazon ကိုယ်တိုင်လည်း Drone တွေကို ပစ္စည်းပို့ဆောင်ရာမှာ အသုံးပြုနေပါပြီ။

စကော့တလန်မှာတော့ Drone တွေကို ထောင်အတွင်း တရားမဝင်မှောင်ခိုပစ္စည်းတင်သွင်းရာမှာ အသုံးပြုနေလို့ ရဲတွေအလုပ်ရှုပ်နေပါတယ်။ မူးယစ်ဆေးတွေ၊ ဖုန်းတွေ ကိုအဓိကထားပြီး မှောင်ခိုသွင်းနေတယ်လို့ ဆိုပါတယ်။ ၂၀၂၃ ပထမ ၃ လပတ်အတွင်းမှာတင် ထောင်ထဲကို မှောင််ခိုသွင်းမှု ၉ မှုထိရှိခဲ့ပြီး အရင်နှစ်တွေက တစ်နှစ်လုံးမှာ ပျမ်းမျှ ၃ ခုမှုခန့်သာရှိတယ်လို့ ဆိုပါတယ်။

စကော့တလန်ရဲအဖွဲ့အနေနဲ့ Drone တွေနဲ့ မှောင်ခိုတွေတိုက်ဖျက်ဖို့ ရနိုင်သမျှ နည်းပညာတွေကို အသုံးပြုတားဆီးသွားမယ်လို့ ထုတ်ပြန်ထားပြီး အရပ်ဖက် Drone ပညာရှင်တွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Ref : BBC Tech

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဈေးကွက်အခြေအနေ မကောင်းတုန်းမှာ ဝင်လာမယ့် Apple VR headset

Next
Next

ChatGPT အသုံးပြုမှုကို ပိတ်ပင်လိုက်တဲ့ Italy