Sexist ဖြစ်တဲ့ Alexa

Amazon ရဲ့ Alexa ဟာ Sexist ဖြစ်တယ်လို့ပြောခံခဲ့ရပါတယ်။ Amazon ဖက်ကတော့ ခုတော့ပြင်လိုက်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

အကြောင်းအရာအပြည့်အစုံကတော့ England women's national football team အကြောင်းကို အသုံးပြုသူတစ်ယောက်က ဒီနေ့ ဘောလုံး Score တွေပြောပြစမ်းလို့ပြောလိုက်တဲ့အခါ အမျိုးသမီးဘောလုံးပွဲရှိပါလျက်နဲ့ ဒီနေ့ဘာပွဲမှမရှိဘူး (အမျိုးသားပွဲ ကိုသာဆိုလိုခြင်း) လို့ပြန်ပြောခဲ့လို့ဖြစ်ပါတယ်။ England-Australia Score လို့ပြင်ပြောမှ Result ကိုထုတ်ပြခဲ့တာမို့ အမျိုးသမီးတွေ ဘောလုံးကန်တာကို အသိအမှတ်မပြုတာလား။ Sexist ဖြစ်တာလား ဆိုတဲ့ မေးခွန်းတွေကို Amazon အနေနဲ့ မေးခံခဲ့ရပါတယ်။

AI တွေဆိုတာ Train လုပ်ပေးထားတဲ့ Data တွေပေါ်မှာ မှီခိုပြီး အလုပ်လုပ်တာမို့ Data Train တဲ့သူတွေကပါ Sexism ဖြစ်နေနိုင်လားဆိုတဲ့ မွေးခွန်းတွေက မေးစရာဖြစ်လာတယ်လို့ တစ်ချို့က မှတ်ချက်ပေးခဲ့ကြပါသေးတယ်။

မိတ်ဆွေတို့ရော ဘယ်လိုထင်ကြလဲဗျာ?

Ref : BBC Tech

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Facebook Service တွေကို ပိတ်သိမ်းမယ်လို့ ထိုင်းနိုင်ငံ အစိုးရခြိမ်းခြောက်

Next
Next

iPhone Battery တွေနဲ့ပတ်သက်လို့ ဒေါ်လာသန်း ၅၀၀ ဒဏ်ရိုက်ခံရတဲ့ Apple