Facebook Service တွေကို ပိတ်သိမ်းမယ်လို့ ထိုင်းနိုင်ငံ အစိုးရခြိမ်းခြောက်

ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာနက Facebook အနေနဲ့ ထိုင်းနိုင်ငံအတွင်းက Online Scam တွေနဲ့ လိမ်လည်နေတဲ့ကြော်ငြာတွေကို အခကြေးငွေယူပြီး ကြော်ငြာပေးနေတာ မရပ်ရင် ထိုင်းနိုင်ငံမှာရှိတဲ့ Facebook Service တွေအကုန်လုံးကို ပိတ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်ထားပြီး တရားရုံးမှာပါ တိုင်တန်းထားတာဖြစ်ပါတယ်။

နှစ်စဥ်ထိုင်းလူမျိုး ၂ သိန်းခန့်က Facebook ကလိမ်လည်တဲ့ ကြော်ငြာတွေကြောင့် ဘတ်ငွေသန်းရာဂဏန်းနဲ့ချီပြီး ဆုံးရှုံးထားတယ်လို့ ဝန်ကြီးဌာနကဆိုပါတယ်။ ဒါကြောင့်မို့ ဒါတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ Meta ကိုတောင်းဆိုခဲ့ပေမယ့် ဘာမှဖြစ်မလာတာမို့ ခုလိုဆောင်ရွက်ရခြင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ကယ်လို့သာ Facebook ကိုထိုင်းနိုင်ငံက ပိတ်ဆို့အရေးယူလိုက်ရင် ထိုင်းနိုင်ငံရဲ့ Bank Payment တွေကလည်း Facebook အတွက် သုံးလို့ရတော့မှာမဟုတ်လို့ မြန်မာနိုင်ငံက Digital Marketing သမားတွေအတွက်လည်း Payment တွေပိုပြီးတိုင်ပတ်လာနိုင်ပါတယ်။

Ref : Thaiger

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 15 နဲ့ Charging Cable အရှုပ်တော်ပုံ

Next
Next

Sexist ဖြစ်တဲ့ Alexa