ပွဲရွှေ့လိုက်ရတဲ့ Xiaomi 13 ဖုန်း December 11 ရက်နေ့ပြန်လာမည်

ဒီဇင်ဘာ ၁ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုပြီး စီစဥ်ထားတဲ့ Xiami 13 နဲ့ MIUI 14 ကိုပွဲရက်ရွှေ့လိုက်ရပြီးတဲ့နောက် ဒီဇင်ဘာ ၁၁ ရက်နေ့မှာပြန်လာမယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံအချိန် ညနေ ၇ နာရီ( မြန်မာအချိန် ညဖက် ၈ခွဲခန့်)မှာပြုလုပ်သွားမယ်လို့ဆိုပါတယ်။

Xiaomi 13 ဟာ အတော်လေး Compact ဖြစ်ပြီး ဘေးဘောင်လေးထောင့်၊ bazel ဟာလည်းအတော်လေးပါးလို့ ထွက်လာဖို့ အတော်လေးအာရုံစိုက်ခံနေရပါတယ်။​ ဘေးဘောင်ကလည်း iPhone နဲ့အတော်လေးဆင်တူနေလို့ Apple နဲ့ Xiaomi ဖန်တွေကြား စကားများကြဦးမလား စောင့်ကြည့်ရပါမယ်။

Xiaomi 13 မှာ Camera ပိုင်းက 50MP Camera ကို 1" Sensor ကိုသုံးထားပေမယ့် Periscope Lens တော့မဟုတ်ပါဘူး။ ဒါ့အပြင် Camera Setup ကလည်း လေးထောင့်ဆန်ဆန် ဖြစ်နေပြီး Leica ဆိုတဲ့စာသားလည်း ပါဝင်ပါတယ်။

နောက်တစ်ခုကတော့ Xiaomi 13 မှာ Nano Backbody Leather ကြောင့် Stain Proof ဖြစ်ကြောင်းကို ဆေးတွေမှုတ်၊ အိမ်သုတ်ဆေးတွေဖြန်းပြီး စမ်းပြထားတဲ့ Video တစ်ခုလည်း Weibo မှာတက်လာပါသေးတယ်။

ဘော်ဒါတို့ရော Xiaomi 13 ကိုစောင့်နေတဲ့သူတွေရှိလားဗျ?

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

App Store မှာ Pricing Plan အသစ်သတ်မှတ်ပေးလိုက်တဲ့ ​Apple

Next
Next

iPhone က USB-C တစ်ကယ်သုံးလာမလား??