iPhone တွေမှာ Tap to Pay ပါဝင်လာမည်

Tap to Pay ဆိုတာ Android တွေမှာ NFC Payment လိုမျိုး Payment တစ်ခုဖြစ်ပါတယ်။ Apple အနေနဲ့ ခုလိုကပ်ရောဂါတွေဖြစ်နေတုန်းမှာ လူချင်းထိတွေ့မှုကို တတ်နိုင်သမျှ လျော့ချချင်တယ်ထင်ပါတယ်။ ဒါ့ကြောင့် iPhone XS နဲ့နောက်ထွက်သမျှ Model တွေမှာ Tap to Pay ပါဝင်လာတော့မှာဖြစ်ပါတယ်။

ဒီကြေငြာချက်မှာပါတဲ့အတိုင်း Apple အနေနဲ့ Tap to Pay ကိုသုံးပြီး နေ့စဥ်ရောင်းဝယ်ရေးတွေမှာ Contactless Payment အသုံးပြုနိုင််ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ 2020 တုန်းက Mobeewave ဆိုတဲ့ Company ကို Apple ကဝယ်ယူခဲ့ခြင်းဟာ ခုလို Contactless Payment System အတွက်ဖြစ်နိုင်တယ်လို့ Bloomberg ကဆိုထားပါတယ်။ ဒါ့အပြင် January တုန်းက ထွက်လာတဲ့ Rumors တွေအရ ဒီ System ကိုတရားဝင်ထုတ်ပေးဖို့ နီးလာပြီလို့ ခန့်မှန်းနိုင်ပြီး ခုချိန်မှာတော့ Apple အနေနဲ့ Credit Card, Debit Card နဲ့တစ်ခြား Digital Wallet တွေကနေ ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ iPhone တွေအနေနဲ့ Tap to Pay မလုပ်နိုင်သေးပေမယ့် Software Update နဲ့ဒီ Features ကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို NFC ပါဝင်တဲ့ဖုန်းတိုင်း အသုံးပြုနိုင်ပေမယ့် iPhone 6,7 တို့တွေကတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ လုံခြုံရေးအနေနဲ့ကလည်း Apple Pay လိုပဲ ငွေပဲဖြတ်သွားမှာဖြစ်ပြီး ဘာဝယ်တယ်၊ ဘယ်ကဝယ်တယ် စတဲ့ အချက်အလက်တွေကို တော့ Apple ကသိိနိုင်မှာမဟုတ်လို့ စိတ်ချရတယ်လို့ဆိုပါတယ်။ US မှာတော့ Cardless ဖြစ်အောင်လုပ်ဖို့ ကြာဦးမှာဖြစ်ပေမယ့် EMV( EuroPay, Master Card, Visa) အပြင် Google Pay တို့ကိုပါ အသုံးပြုနိုင်အောင် စီစဥ်ထားတယ်လို့ဆိုပါတယ်။

Apple ပြောကြားချက်အရ ငွေလက်ခံမည့်သူတွေအနေနဲ့လည်း Payment ကိုဖုန်းနဲ့လက်ခံနိုင်ပြီး POS( Point of Sale) လိုမျိုး After Sale Service တွေပါထည့်သွင်းဖို့ရှိတယ်လို့သိရပါတယ်။ Apple Pay နဲ့ Apple Wallet ရဲ့ဒုဥဣဌ Jennifer Bailey ကတော့ "Tap to Pay ကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းတွေအတွက် ပိုမိုစိတ်ချလုံခြုံရတဲ့ Contactless Payment တွေကို iPhone တွေကနေတစ်ဆင့် ပေးသွားမယ်" လို့ဆိုပါတယ်။

Android မှာတော့ Google Payရှိနေပြီး တရုတ်မှာဆိုရင် Hardware မဟုတ်ပဲ Software နဲ့ Wechat Pay ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ မန္တလေးမြို့မှာဆိုရင််လည်း Smart Pay ဆိုပြီးရှိပါတယ်။ Apple အနေနဲ့တစ်ဖြည်းဖြည်းနဲ့ Payment ကို သိသိသာသာ ချေဦးလှည့်လာပြီဖြစ်ပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Ferrari ကားတွေရဲ့ Telematic အတွက် Qualcomm စာချုပ်ချုပ်ဆို

Next
Next

နောက်ထွက်လာမယ့် Samsung ဖုန်းတွေမှာ Android Os Update ၄ နှစ်ထိပါဝင်လာမည်