နောက်ထွက်လာမယ့် Samsung ဖုန်းတွေမှာ Android Os Update ၄ နှစ်ထိပါဝင်လာမည်

Samsung တာဝန်ရှိသူတွေဆီက ထွက်လာတဲ့ သတင်းတွေအရ Samsung အနေနဲ့ Android Os Support လုပ်မယ့်သက်တမ်းကို တိုးမြှင့်ဖို့ စီစဥ်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ပေါ်လစီအပြောင်းအလဲမှာတုန်းကတောာ့ Samsung အနေနဲ့ Android Os Support Policy ကို ၂ နှစ်ကနေ ၃ နှစ်ထိတိုးမြှင့်ခဲ့ပါတယ်။ ခုလောလောဆယ်မှာတော့ နောက်ဆုံးထွက်် Samsung ဖုန်းတွေကို ၄ နှစ်ထိ Os Update Support လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

SamMobile ကထုတ်ပေးလိုက်တဲ့ Report တွေအရ Samsung အနေနဲ့ နောက်ထွက်လာမယ့် Samsung ဖုန်းတွေကို Android Major Os Update ၄ ခုနဲ့ Security Patches ၅ နှစ်ထိ ပေးသွားဖို့စီစဥ်ထားတယ်လို့သိရပါတယ်။ လတ်တလောထွက်ထားတဲ့ Galaxy S21, Galaxy S21+, Galaxy S21 Ultra, Galaxy S21 FE, Galaxy S22 series အပြင်, Galaxy Tab S8 series နဲ့ Galaxy Z Flip3, Galaxy Z Fold တို့ပါဝင်ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် Android 12 နဲ့ထွက်လာမယ့် Galaxy S22နဲ့ Galaxy Tab S8 တို့ဟာ Android 16 ထိတရားဝင် Update ရတော့မှာဖြစ်သလို Security Patches တွေလည်း နောက် ၅ နှစ်ထိ အေးအေးဆေးဆေး ရသွားပြီဖြစ်ပါတယ်။ တစ်ကယ်လို့ ဒီသတင်းသာ အတည်ပြုသွားခဲ့ရင် Samsung ဖုန်းကိုင်တဲ့သူတွေအနေနဲ့ Software အသစ်တွေသုံးရဖို့အတွက်် ၂နှစ်ကနေ ၃ နှစ်အတွင်း ဖုန်းအသစ်ပြောင်းကိုင်စရာ မလိုတော့တာကြောင့် Samsaung ဖုန်းကို လူကြိုက်ပြန်များလာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့အပြိုင်ပဲ Google အနေနဲ့လည်း သူရဲ့နောက်ဆုံးထွက် Pixel 6 နဲ့ Pixel 6 Pro ကို ၄ နှစ်ထိ Android Os Update နဲ့ ၅ နှစ်ထိ Security Patches Update ပေးသွားမယ်လို့ ကြေငြာထားတာရှိပါတယ်။ ဒါ့ကြောင့် တစ်ခြားဖုန်းCompany တွေအနေနဲ့လည်း Software Support သက်တမ်းကို ထပ်တိုးလာတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Software Update ပိုင်းမှာ Android တွေအနေနဲ့ Apple ရဲ့ Software Support ကိုမယှဥ်နိုင်သေးတာ သိသာနေတုန်းပါပဲ။ ခုလို Software Support သက်တမ််းတိုးတာဟာ Apple ကိုယှဥ်ဖို့လားဆိုတာတော့ စဥ်းစားစရာဖြစ်ပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone တွေမှာ Tap to Pay ပါဝင်လာမည်

Next
Next

သိထားသင့်တဲ့ နောက်ဆုံးရ သတင်း ၁၀ ခု