Ferrari ကားတွေရဲ့ Telematic အတွက် Qualcomm စာချုပ်ချုပ်ဆို

Qualcomm နဲ့ Ferrari အနေနဲ့ 2022 Formula One World Championship မစခင်မှာပဲ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ Qualcomm အနေနဲ့ Ferrari နဲ့စာချုပ်ချုပ်ရတဲ့အကြောင်းကတော့ Digital လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ကဏ္ဍစုံမှာ တိုးတက်စေဖို့အတွက် ပူပေါင်းတာဖြစ််တယ်လို့ ဆိုထားပါတယ်။ ခုလိုပူးပေါင်းမှုအတွက် Ferrari F1-75 ကားမှာ Snapdragon Logo ကိုတပ်ဆင်သွားမှာ ဖြစ်ပြီး ဒီကားကို. February 17 Italy နိုင်ငံ, Maranello မြို့မှာမိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ferrari ရဲ့ CEO ဖြစ်သူ Benedetto Vigna ကတော့ ဒီသဘောတူညီမှုကနေပြီး Ferrari အနေနဲ့ Digital Technology အကြောင်းနဲ့ Web 3.0 အကြောင်းကို ပိုမိုလေ့လာခွင့်ရမှာဖြစ်တာမို့ ဝမ်းသာမိတယ်လို့ ဆိုထားပါတယ်။။ အလားတူ Qualcomm ရဲ့ CEO Cristiano Amon ကလည်း သူတို့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကားတွေရဲ့ Digital နဲ့ဆိုင်တဲ့ လုပ်ငန်းတွေနဲ့ ကားပိုင်ရှင်တွေအတွက် Digital Entartainment တွေကို ပူးပေါင်းဆောင်ရွက်သွားခွင့်ရတဲ့အတွက် ဝမ်းသာကြောင်းဆိုထားပါတယ်။

တစ်ကယ်တော့ ဒါဟာ Brand အချင်းချင်း Marketing လုပ်တာပါပဲ။ Qualcomm အနေနဲ့ Snapdragon Logo ကို Ferrari မှာတပ်ပေးဖို့ အပေးအယူအနေနဲ့ကတော့ Sensor ပေါင်းသောင်းခြောက်ထောင်အများကြီးပါတဲ့ Ferrari ရဲ့ Cockpit တည်ဆောက်ရေးမှာ Qualcomm အနေနဲ့ ကူညီသွားမှာဖြစ်ပါတယ်။

ဖုန်းတွေအနေနဲ့ Branding အတွက် တစ်ခြားနာမည်ကြီး Brand တွေနဲ့ Collab လုပ်တာမျိုုးတွေ နောက်ပိုင်းမှာခေတ်စားလာပါတယ်။ Oneplus ဆိုရင်လည်း နာမည်ကြီး ကား Company McLaren နဲ့ Collab လုပ်ပြီး McLaren Edition တွေထုတ်ခဲ့ပါသေးတယ်။ ဒါတင်မဟုတ်ပဲ Oppo Find X2 Pro ဆိုရင် Lamborghini, Huawei Mate 20 RS ဆိုရင် Porche စတာတွေနဲ့ အသီးသီး Collab လုပ်ထားပါတယ်။

Telematics connectivity လို့အမည်ရတဲ့နည်းပညာဟာ ကားတွေရဲ့များစွာသော Sensor ကလာတဲ့ Data တွေကို အချိန်နဲ့တစ်ပြေးညီဖော်ပြနိုင်ဖို့အတွက် အသုံးပြုတဲ့နည်းပညာတစ်ရပ်ဖြစ်ပြီး ယခု Ferrari မှာ Qualcomm အနေနဲ့ အဆိုပါနည်းပညာကို အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။

Ref : Qualcomm

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Beta Software Update မှာ Voice Command ပါဝင်လာတဲ့ PlayStation 5

Next
Next

iPhone တွေမှာ Tap to Pay ပါဝင်လာမည်