iPhone အတွက် Supply တွေထုတ်ပေးနေတဲ့ တရုတ်စက်ရုံ ၂ ခု ခေတ္တရပ်ဆိုင်း

Apple ရဲ့အကြီးဆုံး Supplier ဖြစ်ပြီး ရှန်ဟိုင်းမှာတည်ရှိတဲ့ စက်ရုံ ၂ ခုဟာ ကိုဗစ်အကြောင်းပြချက်တစ်ချို့နဲ့ ခေတ္တခဏပိတ်ချထားလိုက်တယ်လို့ဆိုပါတယ်။ လူဦးရေ ၂၅ သန်းခန့်ရှိတဲ့ မြို့တော်မှာ ကိုဗစ်စည်းမျဥ်းတွေဟာ အတော်လေးကို တင်းကျပ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရှန်ဟိုင်းတင်မကပဲ Kunshan, မှာရှိတဲ့စက်ရုံကိုလည်း ရပ်နားထားမယ်လို့သိရပါတယ်။​

"စက်ရုံပြန်လည်ပတ်မယ့် နေ့ရက်ကိုတော့ အာဏာပိုင််တွေနဲ့ တိုင်ပင်ပြီးမှ ပြန်ကြေငြာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင်စက်ရုံ အမြန်ဆုံးပြန်လည်ပတ်နိုင်အောင်လည်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံတွေပိတ်လိုက်ရတဲ့အတွက် ​Apple ရဲ့ ဘယ် Product တွေထုတ်လုပ်မှု ကျဆင်းသွားမယ်ဆိုတာတော့ သေချာမသိရသေးပေမယ့် တစ်ခုခုတော့ ထိခိုက်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီစက်ရုံတွေဟာ iPhone ထုတ်လုပ်မှုအပြင် တစ်ခြားလျှပ်စစ်ပစ္စည်းတွေလည်း ထုတ်လုပ်မှုကို လုပ်ဆောင်နေတာဖြစ််ပါတယ်။ Covid တွေကြမ်းတုန်းကလည်း အရေးကြီး မရှိမဖြစ်တဲ့ ဝန််ထမ်းအချို့ကိုသာ စက်ရုံကို ရအောင်လည်ပတ်မယ်ဆိုတဲ့ ကတိနဲ့အတူ အစိုးရစောင့်ကြည့်မှုနဲ့ လည်ပတ်ခဲ့သေးတယ်လို့ သတင်းတွေရှိခဲ့ပါတယ်။​ ဒီတစ်ခါလုံးဝနားလိုက်ရတာ ဘာအကြောင်းပြချက်တွေ ရှိသေးလဲဆိုတာတော့ သေချာမသိရသေးပါဘူး။

လောလောဆယ် ရှန်ဟိုင်းအာဏာပိုင်တွေဟာ Zero-Covid ဆိုတဲ့ စီမံချက်နဲ့အတူ လှုပ်ရှားနေတာဖြစ်လို့ စီမံကိန်းကာလမှာ ခဏနားတာဖြစ်တယ်လို့လည်း ကုမ္ပဏီဝန်ထမ်းမအချို့က မှတ်ချက်ပေးထားတာဖြစ်ပါတယ်။ March မှာစခဲ့တဲ့ Covid Wave ကြောင့် လူပေါင်း ၂သိန်းကျော် Covid ပြန်ဖြစ်တာကြောင့် Stay-at-Home နဲ့ ကျန်းမာရေးကို ပြန်ဂရုစိုက်တာတွေ ရှန်ဟိုင်းမှာဖြစ်နေပါတယ်။ ဖုန်းထုတ်လုပ်ရေးတင်မဟုတ်ပဲ Tesla, Toyota, Volkswagen စတဲ့ ကားကုမ္ပဏီတွေလည်း ရှန်ဟိုင်းက စက်ရုံတွေကို တစ်လ လောက်ပိတ်ထားရပါသေးတယ်။​

တရုတ်နိုင်ငံ ရှန်ဟိုင််းမှာ Covid Wave တွေနဲ့လိုက်ပြီး စက်ရုံပိတ်တာတွေ၊ Stay-at-Home စည််းကမ်းတွေကြောင့် တစ်ချို့ စက်ရုံတွေ အပိုင်းအခြားနဲ့ အလုပ်လုပ်ရတာတွေ၊ ပိတ်ချထားတာတွေဖြစ်တာကြောင့် ဈေးကွက်ထဲမှာ အပြောင်းအလဲဖြစ်လာမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Comment တွေအတွက် Dislike ပါလာတော့မယ့် TikTok

Next
Next

Google Meet ပြောနေရင်း Docs, Slides, Sheets တွေကို တွဲသုံးလို့ရတော့မယ်