Comment တွေအတွက် Dislike ပါလာတော့မယ့် TikTok

TikTok အနေနဲ့ အသုံးပြုသူတွေ တစ်ယောက်ချင်းစီကို Comment တွေDislike ပေးလို့ရအောင်ဆောင်ရွက်နေပါတယ်။ ဒီ Feature ပြုလုပ်နေကြောင်းကို ကုမ္ပဏီက ဒီနေ့ပဲအတည်ပြုထားပါတယ်။ Safety နဲ့ Community Guidelines Blog Post မှာ အသုံးပြုသူတွေအနေနဲ့ မသင့်တော်ဘူးလို့ ထင်ရတဲ့ Comment တွေကို Flag ပြုလုပ်နိုင်သလို Dislike လုပ်လို့ရမယ်လို့ ကြေငြာထားပါတယ်။ တစ်ချို့ အသုံးပြုသူတွေဆိုရင် တစ်ခြားလုပ်ဆောင်ချက်တွေပါ ရရှိနေတာကြာပြီဖြစ်ပါတယ်။

ဒီလိုသတ်မှတ်ချက်တွေ ပြုလုပ်လိုက်ပေးလိုက်ခြင်းဖြင့် Community ကိုပိုပြီးကောင်းမွန်စေပြီး အမုန်းစကားတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း TikTok ကဆိုပါတယ်။

TitkTok အသုံးပြုသူတွေအနေနဲ့ Content Video တွေကိုမကြိုက်ရင် Dislike လုပ်လို့ရပြီးသားဖြစ်ပါတယ်။ Comment Dislike ကတော့ Community Guidelineနဲ့ မညီတဲ့ comment တွေကို Report လုပ်ဖို့နဲ့ ဆက်စပ်ပြီးပေါ်လာတာဖြစ်နိုင်ပါတယ်။

TikTok အနေနဲ့ Comment တွေမှာ ရိုင်းစိုင်းတာတွေဖြစ်လာရင် Warning ပေးတာ၊ Comment ပေးခွင့်ပိတ်တာအပြင် Negative Comment အပေးခံရတာများတဲ့ Creator တွေကိုပါ အကောင့်ပိတ်တာတွေ လုပ်မယ်လို့ ပြောထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို ဘယ်နေ့ထုတ်မယ်၊ ဘယ်အချိန်ထုတ်ပေးမယ်၊ ဘယ်သူတွေအသုံးပြုလို့ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ လာမယ့် ရက်သတ္တပတ်အတွင်းမှာ ဆုံးဖြတ်သွားမှာဖြစ်ပြီး အချိန်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးကို ပေးသွားဖို့လည်း စီစဥ်ထားတယ်လို့ ဆိုပါတယ်။ လောလောဆယ် ​TikTok အနေနဲ့ 2021 October နဲ့ November လအတွင်း စည်းကမ်းချက် ချိုးဖောက်တဲ့ Video ပေါင်း ၈၅ သန်းကျော်ကို ဖျက်ခဲ့ပြီး အဲ့ဒီပမာဏဟာ TikTok ပေါ်တင်ထားတဲ့ Video အားလုံးပေါင်းရဲ့ 1% ရှိတယ်လို့ ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အရေးပေါ်အခြေအနေတွေအတွက် Satellite Connectivity ပါဝင်လာနိုင်မယ့် Apple iPhone 14

Next
Next

iPhone အတွက် Supply တွေထုတ်ပေးနေတဲ့ တရုတ်စက်ရုံ ၂ ခု ခေတ္တရပ်ဆိုင်း