Google Meet ပြောနေရင်း Docs, Slides, Sheets တွေကို တွဲသုံးလို့ရတော့မယ်

Pandemic ဖြစ်ပြီးတဲ့နောက် စီးပွားရေး လုပ်ငန်းတွေ Digital ကိုအလုံးအရင်းပြောင်းလဲသွားတဲ့နောက် Meeting လုပ်တဲ့ Online Platform တွေဟာလည်း အတော်လေး ချမ်းသာသွားကြပါတယ်။ Zoom, Google Meet, Microsoft Team တို့ဟာ အသုံးများတဲ့ Online Meet up Platform တွေပဲဖြစ်ပါတယ်။

Google Meet ကတာ့ Free ရတာရော Google ရဲ့ EcoSystem ထဲမှာ မှီခိုနေရတာ များတဲ့အတွက် အတော်လေး သုံးကြတာကို တွေ့နိုင်ပါတယ်။ Meet ဟာ Platform ပေါင်းစုံအတွက် Standalone App ရှိယုံသာမက သုံးရတာလွယ်ကူပါတယ်။ ခုဆိုရင် Gmail ထဲမှာပါ Meet Option ကိုသုံးနိုင်ပြီဖြစ်ပါတယ်။ ခုတော့ Google အနေနဲ့ Meet ကို Docs, Sheets, Slide တို့နဲ့ပါ တွဲပေးလိုက်တဲ့အတွက် သုံးရတာ ပိုကောင်းပြီး၊ ပိုပြီး ​Function ပိုစုံလာတော့မှာဖြစ်ပါတယ်။

Google အနေနဲ့သူတို့ရဲ့ ​Product တွေကို လူတွေပိုသုံးလာစေချင်ပုံပါပဲ။ Meet ထဲမှာ Meeting လုပ်နေရင်း Document လိုက်ရေးတာပဲဖြစ်ဖြစ်၊ Presentation ပြင်တာပဲဖြစ်ဖြစ်၊ Data တွေထည့်ဖို့ပဲဖြစ်ဖြစ် လိုအပ်လာတဲ့အခါ သုံးနိုင်ဖို့ Docs, Sheets, Slides တို့ထဲမှာ Google Meet ကိုထည့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ထည့်ဖို့ မနှစ်ကတည်းက Google ကကြေငြာခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကို Google Workspace လို့နာမည်ပေးထားပါတယ်။

ဒါ့အပြင် ခုလို Tools တွေကို ပေါင်းလိုက်တဲ့အတွက် အဖွဲ့လိုက်လုပ်တဲ့ အလုပ်ကိစ္စတွေမှာ အရင်လို့ Screen Share စရာမလိုတော့ပဲ ပိုပြီး လွယ်လွယ်ကူကူ လုပ်ဆောင်လို့ရသွားတယ်လို့ ဆိုပါတယ်။ UI ကိုလည်း ရှင်းရှင်းလင်းလင်းလုပ်ထားလို့ Call အတွင်းမှာ စာရိုက်တာ၊ Presentation လုပ်တာ၊ Data ထည့်တာတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။

Google ကထုတ်ပြန်ထားတဲ့ Screenshot ထဲမှာ Google Meet Desktop အတွက်သာ ရနိုင်ဦးမှာဖြစ်ပြီး Mobile ကိုတော့ ဘယ်အချိန်ရောက်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ Mobile မှာတော့ သုံးနိုင်အောင်လုပ်ဖို့ အကန့်အသက််တွေရှိမယ်လို့ ပြောပါတယ်။

တစ်ကယ်လို့ ဒီလုပ်ဆောင်ချက်အသစ်တွေကို သုံးဖို့စောင့်နေတဲ့သူဆိုရင်တော့ ကံကောင်းပါတယ်။ နောက်ရက်သတ္တပတ်အနည်းငယ်အတွင်း Google က ဒီ Features တွေကို ထုတ်ပေးတော့မှာဖို့ စောင့်ကြည့်နေပါလို့ အကြံပေးချင်ပါတယ်။

Ref : AndroidPolice

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone အတွက် Supply တွေထုတ်ပေးနေတဲ့ တရုတ်စက်ရုံ ၂ ခု ခေတ္တရပ်ဆိုင်း

Next
Next

DuckDuckGo's Privacy Browser ကို Mac မှာ Standalone software အဖြစ်ထွက်ရှိလာ