Public Place တွေက USB အားသွင်းပေါက်တွေမှာ အားမသွင်းကြဖို့ FBI သတိပေး

တစ်ကယ်လို့ ခရီးသွားနေတုန်းဖြစ်ဖြစ်၊ အပြင်ရောက်နေတုန်း ကိုယ့်ရဲ့ဖုန်း အားကုန်သွားတဲ့အခါမျိုးမှာ Charging အားသွင်းတုန်းမပါပေမယ့် Public Place တွေမှာ တွေ့ရတတ်တဲ့ USB ပေါက်တွေနဲ့ အားသွင်းတတ်တဲ့ အကျင့်ရှိရင် ပြင်သင့်ပါတယ်။

FBI ကထုတ်ပြန်ထားတဲ့ Post တစ်ခုမှာ Public Place တွေက USB ပေါက်တွေမှာ အားသွင်းတဲ့အခါ Hacker တွေက Juice Jacking လို့နာမည်ပေးထားတဲ့ နည်းကိုသုံးပြီး ကိုယ့်ရဲ့ဖုန်းထဲက ဒေတာတွေခိုးတာ၊ Hack တာမျိုးတွေ ပြုလုပ်ခံရနိုင်ပါတယ်။​ တစ်ကယ်လို့ ကိုယ့်ဖုန်းက USB Debugging ဖွင့်ထားမိတာမျိုး၊ Root ထားတာမျိုးဆိုရင် ပိုပြီး အန္တရာယ်များနိုင်ပါတယ်။

ဒါ့ကြောင့် မိတ်ဆွေက ဖုန်းအားလည်း ခဏခဏကုန်အောင်သုံးတတ်တယ်၊ အပြင်မှာလည်း တွေ့ကရာနေရာ ဖုန်းအားသွင်းတတ်တဲ့အကျင့်ရှိရင် USB ကနေအားမသွင်းပဲ Charging Brick လေးသယ်လာပြီး အားသွင်းတာမျိုး၊ Powerbank လေးဆောင်တာမျိုး အကျင့်လုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Ref : BBC

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AI နဲ့ VR ကိုသုံးပြီး ကလေးသူငယ် လိင်အမြတ်ထုတ်မှု များပြားလာ

Next
Next

iPhone Emergency Satellite တွေကို အာကာသထဲပို့ပေးဖို့ SpaceX ကိုသုံးသွားမယ့် Globalstar