iPhone ရဲ့ Crash Detection ကြောင့်အလုပ်များနေရတဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ

လက်ရှိဖြစ်ပွားခဲ့တဲ့ ပူပူနွေးနွေးဖြစ်စဥ်တစ်ချို့မှာ iPhone Crash Detection ကိုတစ်ကယ် ကောင်းကောင်းမွန်မွန် အလုပ်လုပ်ရဲ့လားဆိိုတာ မေးခွန်းတွေမေးခံရလာပါတယ်။ iPhone ရဲ့ Crash Detection ကြောင့် အမေရိကန်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ တစ်ဖြည်းဖြည်းနဲ့ အလုပ်များလာလို့ Complain တက်ခံနေရပါတယ်။ လက်ရှိနောက်ဆုံးအနေနဲ့ကတော့ အမေရိကန် ကော်လိုရာဒိုပြည်နယ်မှာ နှင်းစကိတ်စီးရင်း iPhone ရဲ့ Crash Detection မှားယွင်းဆက်သွယ်မှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များခဲ့ပြန်ပါတယ်။

အမေရိကန်၊ ကော်လိုရာဒိုပြည်နယ်မှာ နှင်းလျောစီးနေသူတစ်ချို့ရဲ့ iWatch နဲ့ iPhone တွေမှာ နှင်းလျောစီးတဲ့နေရင်း Apple ရဲ့ Crash Detection မှားယွင်းအချက်ပေးမှုတွေ အကြိမ်ရေတော်တော်များများဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဖက်ကတော့ ခုတစ်လောအတွင်း Apple ရဲ့ နှင်းလျောစီးသူ Apple Device ပိုင်ရှင်တွေစီက အလိုအလျောက်မှားယွင်းဖုန်းခေါ်ဆိုမှုတွေဟာ အတော်လေး အကြိမ်ရေစိတ်လာတယ်လို့ ထုတ်ပြောရတဲ့အထိဖြစ်ခဲ့တာပါ။ သူ့အနေနဲ့ တစ်ကယ့်အရေးပေါ်ဖုန်းတွေကို လွတ်သွားမှာစိုးနေတာလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ််အတွင်း Crash Detection က မှားယွင်းအရေးပေါ်ဖုန်းခေါ်ဆိုမှု ၁၈၅ ကြိမ်ထိရှိခဲ့တယ်လို့ဆိုပါတယ်။ "Apple အနေနဲ့ လုပ်ချင်သပဆိုရင် ကိုယ်ပိုင် Service Center ထားသင့်တယ်" လို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကဆိုပါတယ်။

Apple ဖက်ကတော့ ခုလိုဖြစ်ပွားမှုတွေကို အာဏာပိုင်တွေက သတိပေးခဲ့တာကြောင့် အရေးပေါ် Call Center တွေကို သက်ဆိုင်ရာ နည်းပညာရှင်တွေစေလွှတ်ပြီး လေ့လာမှုတွေပြုစေခဲ့တယ်လို့ ဆိုပါတယ်။ အင်္ကျီအထူကြီးတွေ ဝတ်ထားတဲ့ နှင်းစကိတ်စီးသူတွေအနေနဲ့ Apple Watch က Crash Detection အတွက် Alert ပေါ်လာပြီး Cancel လုပ်ဖို့ 10 စက္ကန့်အချိန်ပေးထားတာကို သိလိုက်ပုံမပေါ်တဲ့အတွက် မသိလိုက်ခင်မှာ Call ပေါင််းရာချီရှိနေတတ်ပါတယ်။ ဒါကြောင့်တစ်ချို့ နှင်းစကိတ်စီးနေရာတွေမှာဆိုရင် iPhone 14 ပိုင်ရှင်နဲ့ Apple Watch အသုံးပြုသူတွေကို Crash Detection ပိတ်ထားဖို့ သတိပေးတဲ့ထိဖြစ်လာပါတယ်။

Android တွေဖက်ကတော့ အရေးပေါ်အလိုအလျောက်အချက်ပေးဖုန်းခေါ်ဆိုမှု အတော်လေးရှားပါတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးကထပ်မံပြောဆိုသွားပါသေးတယ်။

Ref : MacRumors

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ChatGPT နည်းပညာနဲ့ အင်တာနက်တစ်ခေတ်ဆန်းမယ့် Microsoft Edge

Next
Next

GMC နဲ့ ပေါင်းပြီး လျှပ်စစ်ကားထုတ်လုပ်ဖို့ စိတ်ဝင်စားနေတဲ့ Netflix