GMC နဲ့ ပေါင်းပြီး လျှပ်စစ်ကားထုတ်လုပ်ဖို့ စိတ်ဝင်စားနေတဲ့ Netflix

ဒီဘက်ခေတ်မှာ Tech Giant ကြီးတွေအနေနဲ့ AI လုပ်ဖို့နဲ့ လျှပ်စစ်ကားထုတ်လုပ်ရေး တို့အရေးလို့များ ကြွေးကြော်နေကြသလားမသိပါဘူး။ NetFlix နဲ့ GMC လက်တွဲပြီး လျှပ်စစ်ကားထုတ်လုပ်ဖိို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်လာပါတယ်။

Netflix အနေနဲ့ သူတို့တာဝန်ယူထုတ်လုပ်ထားတဲ့ ဇာတ်လမ်းတိုင်းမှာ EV တွေကိုပွဲထုတ်လာသလို၊ ရိုက်ကွင်းတွေမှာလည်း အတော်လေးအသုံးပြုလာပါတယ်။ နောက်ပြီး Super Bowl Commercial အတွက် NetFlix နဲ့ GM တို့ပေါင်းပြီး Marketing လည်းလုပ်ဖို့ သဘောတူထားတာရှိပါသေးတယ်။ ကုမ္ပဏီ ၂ ခုအနေနဲ့ ရုပ်ကြွင်းလောင်စာကနေ Green Energy နဲံမောင်းနှင်တဲ့ မော်တော်ယာဥ်တွေ ထုတ်လုပ်ဖို့အတွက် သဘောတူထားကြတယ်လို့ ဆိုပါတယ်။

လူတွေအနေနဲ့ ရုပ်ရှင်တွေ၊ လူမှုကွန်ရက်တွေပေါ်မှာ လျှပ်စစ်ကားတွေကို မြင်ရပါများလာရင် လျှပ်စစ်ကားတွေကို ပိုသုံးချင်လာနိုင်မယ်လို့ မျှော်လင့်တယ်လို့ GM Chief Marketing Officer ကမှတ်ချက်ပေးထားပါတယ်။

NetFlix ရဲ့လာမယ့် Series တွေဖြစ်တဲ့ Stranger Things, Squid Game, Love is Blind စတဲ့ ဇာတ်လမ်းတွေမှာလည်း GM ကားတွေကို ပိုမြင်လာရဖို့ရှိပါတယ်။ Tech Gaint ကြီးတွေအနေနဲ့ ခုလို EV တွေကိုအသည်းအသန်အပြိုင်ထုတ်တာ၊ AI တွေ အပြိုင်ထုတ်နေကြတာ User တွေအနေနဲ့ ပိုကောင်းပြီး ဈေးသက်သာတဲ့ Product တွေကိုမြင်ရလာရနိုင်တာမို့ ကောင်းတဲ့အရွေ့တစ်ခုပါပဲ။

Ref : CNET

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone ရဲ့ Crash Detection ကြောင့်အလုပ်များနေရတဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ

Next
Next

ရုရှားနဲ့ပတ်သတ််ခြင်းမရှိသလို လူမွဲစာရင်းကြေငြာတာနဲ့ပတ်သတ်လို့ ငြင်းဆိုနေတဲ့ 1xbet