ChatGPT နည်းပညာနဲ့ အင်တာနက်တစ်ခေတ်ဆန်းမယ့် Microsoft Edge

Microsoft Edge လို့ပြောလိုက်တာနဲ့ တစ်ခုခုဆို အရမ်းနှေးပြီး၊ အင်တာနက် Memes တွေမှာအစ စနောက်ခံရတဲ့ Browser လို့လူတိုင်းသိမှာဖြစ်သလို၊ မူလအသွင်ဟောင်း Internet Explorer ကိုလည်း လူတိုင်းတွဲမြင်ပါလိမ့်မယ်။ ပိုင်ရှင် Microsoft အနေနဲ့ ခုချိန်မှာတော့ ChatGPT အားကိုးနဲ့ လူမိုက်ငှားပါတော့မယ်။ Microsoft Edge ကို ChatGPT ကိုအခြေခံပြီး အဆင့်မြှင့်တင်မယ့်သဘောပါပဲ။

Google အနေနဲ့လည်း ChatGPT ဟာသူတို့ ဈေးကွက်ကိုထိခိုက်လာမှာကြိုမြင်သလို၊ သူကိုယ်တိုင်စိုးမိုးထားတဲ့ Web လောကကို ထိုးပေးလိုက်ရမှာစိုးရိမ်ရတာမို့ Bard ဆိုတဲ့ AI ကိုထုတ်မယ်လို့ အပြိုင်အဆိုင်ကြေငြာထားပါသေးတယ်။

သာမန် Web ပေါ်မှာ Content တစ်ခုကိုရှာတဲ့အခါ ရှာလိုက်တဲ့ Content နဲ့ပတ်သတ်လို့ Link တွေ၊ Video တွေ၊ ဓာတ်ပုံတွေကိုပဲ ပြန်လာပြတဲ့ Browser တွေရဲ့ရှေးနည်းအတိုင်းမဟုတ်ပဲ၊ AI အသုံးပြုထားတဲ့ Microsoft Bing မှာတော့ ရှာလိုက်တဲ့ အကြောင်းအရာနဲ့ အကိုက်ညီဆုံး အဖြေတွေကိုသာထုတ်ပေးမှာဖြစ်ပါတယ်။ ( ဥပမာ - "အိမ်မှာတင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း " လို့ရှာလိုက်ရင် သာမန် Browser တွေမှာ ရှာလိုက်တဲ့ ခေါင်းစဥ်နဲ့ပတ်သတ်တဲ့ Link တွေ၊ Video တွေ ပြပေးမှာဖြစ်ပေမယ့်၊ AI သုံးထားတဲ့ Bing မှာတော့ Push Up ကဘယ်လောက်၊ Squad ကဘယ်လောက်ဆိုပြီး လိုချင်တဲ့ Solution ကိုအတိအကျပြသသွားမှာပါ)

Microsoft အနေနဲ့ AI ပြိုင်ပွဲမှာ ပွဲဦးထွက်လှပေမယ့်၊ ပြိုင်ဖက် Google နဲ့ယှဥ်ရင် အားနည်းချက်တစ်ခုက Google အနေနဲ့ Microsoft ထက် Dataset တွေပိုများနေနိုင်တာပါ။ ChatGPT အနေနဲ့ Knowledge Limit ဟာ 2021 ထိပဲဖြစ်တာမို့၊ 2021 နောက်ပိုင်း အဖြစ်အပျက်တွေ၊ Data တွေကိုသိနိုင်ခြင်းမရှိပါဘူး။ Google မှာတော့ ပိုကောင်းတဲ့ Dataset Knowledge Limit တွေပါလာနိုင်တာမို့ ဘယ် AI ကတော့ ဘယ်လောက်ထိလုပ်ပြသွားမယ်ဆိုတာ ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

AI မိတ်ဆက်ပွဲက အမှားကြောင့် ရှယ်ယာဈေးကျနေတဲ့ Google

Next
Next

iPhone ရဲ့ Crash Detection ကြောင့်အလုပ်များနေရတဲ့ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ