ဆွဲဆန့်နိုင်တဲ့ LG Display

ဖုန်းလောကမှာ တစ်ဖြည်းဖြည်း ခေါက်နိုင်တဲ့ဖုန်း၊ လိပ်လို့ရတဲ့ Display နဲ့ဖုန်း စတဲ့ Display နည်းပညာတွေ တစ်ဖြည်းဖြည်း ပေါ်ထွက်လာပြီး ခုလည်း LG က ဆွဲဆန့်နိုင်တဲ့ Display ကိုထုတ်ပြလိုက်ပါတယ်။ ဒါပေမယ့် သတိမူရမှာက Concept ပဲရှိသေးတာဖြစ်ပါတယ်။ ၁၂ လက်မရှိတဲ့ Screen ကို ၁၄ လက်မထိ ဆွဲဆန့်လို့ရပြီး နဂို ၁၂လက်မအရွယ်အစားကိုလည်း Display ပျက်မသွားပဲ ပြန်ကျုံ့သွားနိုင်တဲ့ သတ္တိရှိပါတယ်။

ခေါက်လို့၊ ကွေးလို့၊ ကျုံ့လို့၊ ဆန့်လို့ ရတဲ့ Display ကို LG ကတာ့ Free Form လို့ နာမည်ပေးထားပါတယ်။ တစ်ကယ်လို့ နောက်ပိုင်း Stable နည်းပညာဖြစ်သွားရင် အရင်တုန်းက CGI video တွေထဲကလို့ အင်္ကျီမှာ Screen ကပ်တာ၊ တံခါးမှာ ကပ်ထားတာ မျိုးတွေ လုပ်လို့ရလာမလား ဘယ်သူမှမသိနိုင်ပါဘူး။ လေကြောင်းလိုင်းတွေ၊ ဖက်ရှင်တွေ၊ ဂိမ်းလောကမှာပါ အသုံးပြသွားနိုင်မယ့် နည်းပညာဖြစ်လာမယ်လို့တော့ LG ကဆိုထားပါတယ်။

ဒီ Display ဟာ LG အဆိုအရ အတော်လေး Quality ကောင်းပါတယ်။ 1000PPI Pixel Density ဖြစ်တာမို့ လက်မ ၄၀ 4K TV တစ်ခုစာ လောက်ကို PPI များပါတယ်။ ပြီးတော့ Full Range RGB ရပါဦးမယ်။ ဒီ Display ကို မျက်ကပ်မှန်လုပ်တဲ့ Silicon တစ်မျိုးကို အခြေခံပြီးတည်ထွင်ထားလို့ အနာဂတ်မှာ စပိုင်ရုပ်ရှင်တွေထဲကလို မျက်လုံးထဲ Screen ထည့်ဦးမလားဆိုတာပါ စောင့်ကြည့်ရပါမယ်။

အရင်တုန်းက 30 % ထိကွေးနိုင်ဆန့်နိုင်တဲ့ Screen တွေမိတ်ဆက်ခဲ့ဖူးပေမယ့် 120PPI ပဲရှိလို့ Resolution မကောင်းလို့ အဖက်လုပ်ခြင်းမခံခဲ့ရပါဘူး။ Samsung ကလည်း အရမ်းအကြမ်းခံတဲ့ Display ဆိုပြီး မိတ်ဆက်ခဲ့ဖူးပေမယ့် LG လောက် ​Quality မကောင်းခဲ့လို့ လူစိတ်ဝင်စားမခံခဲ့ရပါဘူး။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 15 မှာ အရင် မော်ဒယ်တွေနဲ့ မတူပဲ ဘာတွေပြောင်းသွားနိုင်လဲ

Next
Next

"Hey Siri" မဟုတ်တဲ့ "Siri"