Google Service တိုင်းမှာ Co-pilot အနေနဲ့ပါလာပြီဖြစ်တဲ့ Bard

အစပိုင်းကတော့ Google ရဲ့ AI Bard ဆိုတာ ChatGPT ကိုအသည်းအသန်ပြိုင်ဖို့ထုတ်ထားတဲ့ AI တစ်ခုဆိုပေမယ့် ခုနောက်ပိုင်းမှာတော့ အတော်လေးသုံးလို့ကောင်းလာပြီး သူ့ရဲ့ Knowledge Cutoff မရှိတဲ့ အချက်ကြောင့် ခုနောက်ပိုင်းလူသုံးများလာပါပြီ။

Developer တွေ Code ရေးရင် AI တွေနဲ့ရေးသလိုပဲ​ နေ့စဥ် Report ရေး, Email တွေပို့နေရတဲ့ Management Level ကလူတွေလည်း AI ကိုနေ့စဥ်သုံးလို့ရတော့မှာဖြစ်ပါတယ်။ Google Docs, Sheet, Slides, Gmail, Drive, Maps, YouTube အစရှိတဲ့ Google Products တွေမှာ Bard ကိုသုံးလို့ရတော့မှာဖြစ်ပါတယ်။ အဲ့တော့ Email ရေးခိုင်းတာ၊ Appointment ယူခိုင်းတာ, စာရင်းစစ်တာမျိုးတွေ အတွက် အတော်လေး Convenient ဖြစ်လာပါလိမ့်မယ်။

ဒီလိုလုပ်လိုက်တဲ့အတွက် Bard အနေနဲ့ Train စရာ Dataset တွေပိုရလာမှာဖြစ်တာမို့ တစ်ဖြည်းဖြည်းပိုကောင်းတဲ့ Model Version အသစ်တွေကိုလည်း Bard ကို Train သွားမယ်လို့ Google ကထုတ်ပြန်ထားပါတယ်။

Ref : Google Newsroom

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 15 ရဲ့ Battery Cycle Count

Next
Next

iPhone 12 တွေရဲ့ ပြင်သစ် Radiation ဂယက်