iPhone 15 ကနေ ဘာတွေမျှော်လင့်ထားလို့ရမလဲ?

နောက်ထပ် ၄ လလောက် ကြာလို့ September လကိုရောက်ရင်တော့ အားလုံးမျှော်လင့်နေတဲ့ iPhone 15 Series ထွက်လာတော့မှာဖြစ်ပါတယ်။ iPhone ဆိုတဲ့အမျိုးက ထွက်ပြီး ၂ လလောက်နေတာနဲ့ နောက်ထွက်လာမယ့် Series မှာ ဘာတွေတော့ပါလာဦးမှာ၊ ဘယ် Tipster ကတော့ ဘယ်လိုတွေ Leak ပြန်ပြီဆိုပြီး ထွက်လာတတ်သလို၊ Keyboard မှာ Projector နဲ့လာမှာ Under-display ကင်မရာနဲ့ဆိုတဲ့ 2016 လောက်ကတည်းက Online မှာ Click Bait တွေလုပ်ခံရတာလည်း iPhone တွေပါပဲ။

ဒီနေ့ခေတ်မှာတော့ Phone လောကရဲ့ Tech ဟာ Peak အခြေအနေလို့ပဲပြောမလား၊ Bottle Neck ပဲပြောမလား။ ဒီနှစ်တွေအတွင်း ဖုန်းတွေဟာ Processing ပိုင်းမှာတော့ အတော်လေးပြောင်းလဲလာပေမယ့်၊ ဒီဇိုင်းပိုင်းမှာတော့ ခေါက်ဖုန်း၊ လှန်ဖုန်း၊ ဒလိမ့်ဖုန်းနဲ့ တစ်ချို့ Feature တွေဆိုရင်လည်း ခုမှမြေစမ်းခရမ်းပျိုးနဲ့ Innovation ပိုင်းကို ပြန်လှည့်နေတဲ့ ကာလလို့ပြောမယ်ဆို ပြောနိုင်တယ်။ Apple ကိုယ်တိုင်လည်း iPhone တွေရဲ့ Notch ကို ကျွန်းပြောင်းပစ်တာနဲ့၊ ကင်မရာကြီးတွေပိုကြီးလာတာကလွဲရင် မထူးဇာတ်ပါပဲ။

iPhone 15 နဲ့ပတ်သတ်လို့ Hot အဖြစ်ဆုံး သတင်းကတော့ USB-C ပါပဲ။ EU ကြောင့်ရော၊ User တွေရဲ့အသံတွေကြောင့်(တစ်ကယ်တော့ Apple က User တွေကိုအရမ်းကြည့်တဲ့ထဲလည်းမပါပါဘူး) USB-C ဖြစ်လာဖို့ အတော်လေးသေချာနေပါပြီ။ ဒါပေမယ့် Apple ထုံးစံအတိုင်း သူတို့ရောင်းတဲ့ Apple Charger မှမဟုတ်ရင် Fast Charging မရဘူးဆိုတဲ့ အကွက်တွေလည်း ထွက်လာနိုင်ပါသေးတယ်။

ဒုတိယ အHotဆုံးကတော့ Solid State Button တွေလာမယ်ဆိုတာပါပဲ။ ဒါပေမယ့် ဒီသတင်းက အစောပိုင်းမှာ ရေပန်းစားခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ နည်းပညာအခက်အခဲကြောင့် ရိုးရိုး Button တွေပဲလာဦးမယ်ဆိုပြီး ပြန်လျှောချသွားခဲ့ပါတယ်။

ကျန်တာတွေကတော့ Body ဒီဇိုင်းကလည်း အရင်နှစ်က 14 Series တွေနဲ့ထူးမခြားနား နဲ့လာမယ်လို့ သိရပါတယ်။ Body ပိုင်းကိုတော့ Aluminum နဲ့ Stainless Steel ပြောင်းသွားမယ်လို့ သတင်းထွက်နေပါသေးတယ်။ ကျန်တာကတော့ Battery ပိုင်း၊ Camera ပိုင်း၊ CPU ဘယ်လောက် Performance ထွက်ပါတယ်ရွတ်ပြလည်း နေ့စဥ်သုံးနေကျသူတွေအတွက် အကြီးအကျယ်ပြောင်းသွားတာမျိုးမခံစားရသလို၊ ဝယ်ပြီး ၃ လလောက်နေရင် ဒါကြီးတွေကိုခေါင်းထဲထုတ်ပြီး Apple Logo နဲ့ Eco-system ကိုခံစားသူတွေများပါတယ်။

Software ပိုင်းကတော့ Software ပိုင်းဆရာကြီးဖြစ်တဲ့ Apple ထုံးစံအတိုင်း ဘာမှမထူးခြားလို့ပဲပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အသစ်ပါလာပါတယ်ဆိုတဲ့ Software ပြောင်းတာတွေက Android တွေမှာရှိပြီးသားတွေနဲ့ အလျားလိုက်ကို ဒေါင်လိုက်ပြောင်း၊ ဒေါင်လိုက်ကို အလျားလိုက်ချလိုက်တဲ့အကွက်တွေမို့ပါပဲ။

ပြောလို့သာပြောနေတာပါ။ iPhone 15 ထွက်လာရင် အက်မင်လည်း Apple Store မှာပဲသွားကိုင်နိုင်မယ့် လူစားထဲကမို့ ဒီလောက်ပဲပြောတော့မယ်။

မိတ်ဆွေတို့ရော iPhone 15 မျှော်နေသူတွေရှိလားဗျ?

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Handheld တွေအတွက် AMD ကထုတ်ပေးမယ့် Ryzen Z1

Next
Next

သတင်းတွေဖတ်ပြပေးမယ့် AI App