Handheld တွေအတွက် AMD ကထုတ်ပေးမယ့် Ryzen Z1

AMD အနေနဲ့ Handheld တွေအတွက် Next Gen Chipset ထွက်လာမယ့်အကြောင်းကို ကြေငြာထားပါတယ်။ Ryzen Z1 နဲ့ Ryzen Z1 Extreme တွေဟာ Risen 4 ရဲ့ Architecture ပေါ်မှာအခြေခံထားပြီး RDNA 3 GPUs တွေအသုံးပြုထားပါတယ်။ လောလောဆယ်မှာတော့ ဒီ Chip တွေကို Asus Console တွေမှာပဲ Exclusive အနေနဲ့မြင်ရဦးမှာပါ။ နောက်ပိုင်းတော့ တစ်ခြား Mannufacturer တွေမှာလည်း မြင်ရလာနိုင်ပါတယ်။

AMD Ryzen Z1 မှာဆိုရင် 6 cores Zen 4 CPU အပြင် 12 threads ပါဝင်ပြီး အတွင်းမှာ GPU ကတော့ RDNA 3 cores ပါဝင်မှာမို့ Performance ပိုင်းကတော့ ကောင်းမွန်ပါတယ်။ Ryzen ကတေော့ Graphics Performance ပိုင်းမှာ 2.8 teraflops ထိ နိုင်မယ်လို့ ကြေငြာထားပါတယ်။

Ryzen Z1 Extreme မှာတော့ ၈ cores Zen 4 CPUအပြင်, 16 threads ပါဝင်ပြီး အတွင်းမှာ GPU ကတော့ RDNA 3 cores နဲ့ Cache ကတော့ 24MB ထိပါဝင်ပါတယ်။ Ryzen Extreme ကတေော့ Graphics Performance ပိုင်းမှာ 8.6 teraflops ထိ ရမယ်လို့ ကြေငြာထားပါတယ်။

Handheld လောကမှာတော့ မကြာခင်အတွင်း အပြင်းအထန်ပြိုင်ဆိုင်မှုတွေရှိလာတော့မှာပါ။ အဲ့တော့ အက်မင်လည်း အိမ်ကဖုန်တက်နေတဲ့ Switch လေးကိုဖုန်ခါလိုက်ဦးမယ်ဗျာ

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple Ecosystem ထက်ပိုကောင်းတဲ့ System တည်ဆောက်ပြမယ်လို့ ကြုံးဝါးထားတဲ့ Honor CEO

Next
Next

iPhone 15 ကနေ ဘာတွေမျှော်လင့်ထားလို့ရမလဲ?