iPhone 14 Series တွေရဲ့ 70% ဟာ Samsung OLED တွေဖြစ်ပါတယ်
Samsung ဟာ OLED လောကမှာတော့ ဆရာတစ်ဆူပါပဲ။ ဒါ့ကြောင့်မို့လည်း Apple ဟာသူရဲ့ဖုန်းတွေအတွက် OLED ကို Samsung ဆီကမှာယူနေတာဖြစ်ပါတယ်။ ခုလည်း iPhone 14 နဲ့ 14 Plus ရဲ့ပုံမှန် Display တွေရော၊ iPhone 14 Pro နဲ့ iPhone 14 Pro Max ရဲ့ LPTO Display တွေကိုပါ Samsung ကရောင်းချပေးနေတုန်းပါ။
Apple အနေနဲ့ သူရဲ့နောက်ဆုံးထွက် Series ဖြစ်တဲ့ iPhone 14 မှာ ဖုန်းအလုံးရေ သန်း ၁၂၀ လောက်ထုတ်ဖို့ စီစဥ်ထားပြီး အနည်းဆုံး အလုံးရေ သန်း၈၀က Samsung OLED တွေဖြစ်ပြီး ကျန်တဲ့ သန်း၂၀က LG Display, ကျန်တဲ့ ၆သန်းခန့်လောက်က တရုတ် BOE ကုမ္ပဏီ ထုတ်ဖြစ်ပါတယ်။
Samsung Display တွေကို Pro Model တွေအတွက်ရည်ရွယ်ပြီး သုံးဖို့စီစဥ်ထားသလို၊ LG ကလည်း Display ထုတ်လုပ်ရေးမှာ ပြဿနာတွေရှိနေလို့ Samsung အနေနဲ့အပိုထုတ်လုပ်ရေးတွေပါ ရှိလာနိုင်တယ်လို့ဆိုပါတယ်။ တရုတ် BOE ကလည်း Apple ကိုအသိမပေးပဲ Circuit Design ပြောင်းလို့ Apple ကအင်တင်တင်ဖြစ်နေတုန်းပါပဲ၊
Ref : GSMArena