ဂိတ်ဂိတ်တို့ကို ပန်းသီးက ဝယ်မယ်ဆိုတာ မဟုတ်ပါ

Daily Star ကစပြီး ဖွလိုက်တဲ့သတင်းကြောင့် မန်ယူအသင်းကို Apple ကဝယ်မယ်ဆိုတာ သတင်းမှားဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ အဲ့တော့ ဂိတ်ဂိတ်တို့ ပန်းသီးနဲ့ပေါင်းမှာမဟုတ်ပါဘူး။ အဲ့အစား စမိုင်းလ်ဝယ်မယ်ဆိုတာက နည်းနည်းပိုရင်ခုန်ရပါသေးတယ်။

Apple အနေနဲ့ နောက်ပိုင်းမှာ အလုံးအထည် Hardware တွေထက် Software Services ပိုင်းမှာပိုရင်းနှီးမြှပ်နှံလာသလို၊ အရင်းအနှီးနည်းနည်းနဲ့ အမြတ်များများပြန်ပေးတဲ့ ကုမ္ပဏီတွေကိုသာ စိတ်ဝင်စားကြောင်း Apple ကိုယ်တိုင်က ထုတ်ပြန်ထားပါတယ်။

Apple အနေနဲ့ Apple TV+ မှာပြဖို့အတွက် နာမည်ကြီး Major League Soccer (MLS), Major League Baseball (MLB) လိုမျိုးတွေအပြင် NFL တို့နဲ့ပါ စာချုပ်ချုပ်ပြီး မူပိုင်တစ်ဦးတည်းပြဖို့ ကြိုးစားနေတာတွေရှိပေမယ့် ခုလိုမျိုး မန်ယူအသင်းကို ဝယ်တာမျိုးတော့ လုပ်မှာမဟုတ်လို့ မန်ယူဖန်တွေရော၊ Apple ဖန်တွေရော စိတ်မပူကြပါနဲ့...

Ref: Daily One

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 14 Series တွေရဲ့ 70% ဟာ Samsung OLED တွေဖြစ်ပါတယ်

Next
Next

Google တစ်ကွက်ပညာပြန်ပြပြီ