တရုတ်က iPhone ထုတ်လုပ်ရေး ကုမ္ပဏီမှာ အလုပ်သမားပြဿနာတက် iPhone 14 ထုတ်လုပ်မှု ပိုနှေးသွားနိုင်
iPhone ထုတ်လုပ်ရေးစက်ရုံတွေထဲမှာ အကြီးဆုံးနဲ့ iPhone ထုတ်လုပ်ရေးကို အများဆုံးယူထားပြီး တရုတ်နိုင်ငံ Zhengzhou မှာရှိတဲ့ Foxconn စက်ရုံအနေနဲ့ ပြီးခဲ့တဲ့အပတ်က လစာထုတ်ပေးတဲ့ စနစ်မှာပြဿနာအနည်းငယ်ရှိလို့ အလုပ်သမားတွေနဲ့ လုံခြုံရေးတွေပြဿနာတက်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ၂ ဖက်ရိုက်ကြနှက်ကြ အနည်းငယ်ဖြစ်ပြီး ပြဿနာတွေတက်ခဲ့တယ်လို့ တရုတ်သတင်းတွေမှာဖော်ပြထားပါတယ်။
အဲ့နောက်မှာတော့ Foxconn အနေနဲ့ လူသစ်စုဆောင်းတဲ့စနစ်မှာ နည်းပညာပြဿနာကြောင့် လုပ်ခ ခေါင်းပုံဖြတ်သလိုဖြစ်သွားတဲ့အတွက် တောင်းပန်ခဲ့ပြီး ဆန္ဒပြရာမှာပါဝင်တဲ့လူတိုင်းကို ဒေါ်လာ ၁၄၀၀ နဲ့ညီမျှတဲ့ တရုတ်ငွေကြေးကို လျှော်ကြေးအဖြစ်ယူခိုင်းပြီး အလုပ်ထွက်အိမ်ပြန်ဖို့ညှိနှိုင်းခဲ့ပါတယ်။ အဲ့နောက်မှာတော့ အလုပ်မလုပ်ရသေးပဲ၊ အလုပ်ပဲခန့်ရသေးတဲ့ အလုပ်သမားလူသစ် ၂၀,၀၀၀ လောက်အလုပ်ထွက်ဖို့ပြင်ကြပါတော့တယ်။ မူလက Foxconn မှာအလုပ်သမား ၂ သိန်းကျော်ရှိပါတယ်။
အဆိုပါအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲတွေအနေနဲ့ကတော့ iPhone 14 ထုတ်လုပ်ရေးတွေ ကြန့်ကြာလာခြင်းဖြစ်ပါတယ်။ ယခု နိုဝင်ဘာနဲ့၊ ဒီဇင်ဘာလတွေဟာ နိုင်ငံအတော်များများမှာ ပိတ်ရက်တွေဖြစ်ပြီး လူအများ ဈေးဝယ်တတ်ကြနဲ့ လတွေဖြစ်ပါတယ်။ နှစ်စဥ်ဒီလတွေဆိုရင် လူအများဈေးဝယ်တတ်ကြလို့ iPhone တွေလည်းရောင်းအားပိုကောင်းကြပါတယ်။ ဒီနှစ်မှာတော့ iPhone 14 Pro တွေဟာ Store တွေမှာဝယ်ချင်တိုင်းဝယ်မရပဲ Pre-Order တွေကိုသာ အဓိကထားဝယ်ယူနေကြရပါတယ်။ Foxconn ဖက်ကတော့ ခုအဖြစ်အပျက်ကြောင့် iPhone ထုတ်လုပ်ရေးကို ထိခိုက်သွားမှာမဟုတ်ပဲ ကုမ္ပဏီပုံရိပ်ကိုပဲ ထိခိုက်စေကြောင့် ထုတ်ပြန်ထားပါတယ်။
Ref : GSMArena