Android 13 Beta Update ထွက်လာမယ့် Date ကို OnePlus ထုတ်ပြန်

ပြီးခဲ့တဲ့ August လက Android အနေနဲ့ Pixel တွေအတွက် Android 13 Update ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ထုံးစံအတိုင်း တစ်ခြား ဖုန်းတွေလည်း တစ်ဖြည်းဖြည်းနဲ့ Android 13 Beta Update တွေလိုက်ထွက်လာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ Settle မသွားမယ့် ဆရာကြီး OnePlus ကတော့ ခုမှပဲ Android Beta Update တွေအတွက် အချိန်စာရင်းထုတ်ပေးပါတယ်။

Android 13 ကိုတော့ OnePlus မှာတော့ Oxygen Os 13 လို့ခေါ်ရပါမယ်။ လောလောဆယ်မှာ OnePlus အနေနဲ့သူတို့ရဲ့ Flagship ဖုန်းတွေမှာ Android 13 ကို Beta ထုတ်ပေးနေပါတယ်။ တစ်ခြား ဖုန်း Lineup တွေအတွက်လည်း Update Roadmap ကိုထုတ်ပေးပြီး ဒီနှစ်မကုန်ခင် OnePlus 8 Series တွေနောက်ဆုံးထားပြီး၊ Nord မှာဆိုရင် CE တွေ နောက်နှစ် ပထမ ၄ လပိုင်းအတွင်း Update ရမှာပါ။

သတင်းတွေအရ တစ်ချို့ Region တွေမှာ Update တွေကို Close & Open Beta ဆိုပြီး ရနေပြီဖြစ်ပေမယ့် ခုလိုမျိုး ခွဲခြားပေးထားရတာက အသုံးပြုသူတွေဆီက Feedback နဲ့ ပြင်ဆင်ရေးပိုင်း အရေးကြီးလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်ပါတယ်။ မိတ်ဆွေတို့ရော Oxygen Os Beta သုံးနေတဲ့သူတွေရှိလား။ ဘာတွေထူးလဲ။ OnePlus အတွက်။ Custorm ROM ဘာတွေ သုံးဖြစ်လဲဗျ??

Ref : 9to5Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လောင်းကစားဂိမ်းတွေ App Store မှာကြော်ငြာလို့ မရတော့ပါ

Next
Next

iPhone 14 Pro ဝယ်လိုအားကို မှီအောင်ထုတ်လုပ်ရေးက မလိုက်နိုင်သေးဘူလို့ Tim Cook ပြော