Elon ရဲ့ StarLink တွေကို ရန်ရှာနေတဲ့ တရုတ်ကြီး
Elon ရဲ့StarLink တွေဟာ ဆက်သွယ်ရေးမှာ ဘယ်လောက် အထောက်အကူဖြစ်ကြောင်း ယူကရိန်းစစ်ပွဲမှာ မြင်ရမှာပါ။ ရုရှားအနေနဲ့ ယူကရိန်းကို အင်တာနက်ဖျက်၊ အဆက်အသွယ်ဖြတ်ပြီး အမှောင်ချဖို့ လုပ်ခဲ့ပေမယ့် Elon ရဲ့ StarLink တွေကြောင့် အကြံအစည် ပျက်သွားပါတယ်။ Hacker တွေလည်း အလုပ်ဖြစ်ပုံမပေါ်ပါဘူး။ ဒါ့ကြောင့် တစ်ကမ္ဘာ့လုံးက StarLink အသုံးဝင်ပုံကို မြင်ခဲ့ရပါတယ်။
StarLink တွေဟာ တစ်ကမ္ဘာလုံးကြိုက်တဲ့နေရာကနေ အင်တာနက်သုံးနိုင်ဖို့တင်မကပဲ Elon ရဲ့ SpaceX မှာလည်း ဂြိုလ်တုလွှတ်တင်တဲ့နေရာတွေမှာလည်း အလွန်အသုံးဝင်ပါတယ်။ ဂြိုလ်တုတွေကို ကမ္ဘာ့ပေါ်ပြန်ဆင်းဖို့ Thruster တွေကို ထိန််းကျောင်းဖို့ဆိုတာ အလွန်လျင်မြန််ပြီး Range အတော်လေး ကောင်းတဲ့ ဆက်သွယ်ရေးကို လိုအပ်ပါတယ်။ ဒါ့အပြင် Tesla အတွက် တစ်ကမ္ဘာလုံးက ကားတွေကို AI နဲ့အလုပ်လုပ်ဖို့ဆိုရင် တစ်ကမ္ဘာလုံးကို အုပ်ထားနိုင်မယ့် ဆက်သွယ်ရေးကွန်ယက်တစ်ခုကို လိုမှာပါ။ အကုန်လုံးဟာ ချိတ်ဆက်နေတာဖြစ်ပါတယ်။ နောက်ပိုင်း Mars Mission တွေမှာလည်း StarLink ဟာအရေးကြီးတဲ့ ဆက်သွယ်ရေးအပိုင်းကို ဝင်လာပါလိမ့်မယ်။
ခုတော့ တရုတ်နိုင်ငံက သုတေသီတွေဟာ Elon ရဲ့ StarLink ဟာ တရုတ်နိုင်ငံပေါ်မှာ ခြိမ်းခြောက်လာနိုင်တာမို့ Elon ရဲ့ ဂြိုလ်တုတွေကို ပစ်ချနိုင်မယ့် နည်းပညာတွေကို တီထွင်ဖို့ ကြိုးစားနေကြပါတယ်။ ဂြိုလ်တုပစ်ချနိုင်တဲ့ ဒုံးတွေရှိပေမယ့် ဒုံးအရေအတွက် အနည်းငယ်ပဲရှိတဲ့အပြင် Elon ရဲ့ StarLink တွေက လောလောဆယ် အရေအတွက် ထောင်ချီနေပြီး ဒုံးကျည်စရိတ်က StarLink တစ်လုံးထက် အဆမတန်များနေတာမို့ တရုတ်တွေ ခေါင်းကိုက်နေတာဖြစ်ပါတယ်။
Elon ရဲ့ Satellite တွေ တစ်ကမ္ဘာလုံးကို အုပ်မိသွားရင် US Defence Service နဲ့ အဆက်အဆံရှိတဲ့ Elon အနေနဲ့ ဂြိုလ်တုတွေကနေ တစ်ဆင့် ထောက်လှမ်းရေးလုပ်တာမျိုးတွေ၊ ကြားဖြတ် နားထောင်တာမျိုးတွေ ရှိလာနိုင်တာမို့ တရုတ်ကြီးလည်း အတော်လေး စိုးရိမ်နေတယ်ထင်ပါတယ်။
တရုတ်မှာလည်း StarLink လိုမျိုး စီမံကိန်းရှိတာ အတော်ကြာပါပြီ။ Guo Wang လို့အမည်ရတဲ့ တရုတ် StarNet ဟာ Elon လိုမျိုး အလုံးရေးသောင်းချီပြီး မပါဝင်ပဲ အလုံးရေထောင်ဂဏန်းသာပါဝင်ပြီး Elon နဲ့အပြိုင် လုပ်ဖို့ရည်ရွယ်ထားတာဖြစ်ပေမယ့် ဘာမှန်းမသေချာသေးပါဘူး။
StarLink ဟာ ကွန်ရက်တစ်ခုထက်ပိုပြီး လိုအပ်ရင် လိုအပ်သလို လမ်းကြောင်းလည်း ပြောင်းနိုင်သေးတဲ့စွမ်းရည်ရှိတာမို့ စစ်ရေး၊ ဆက်သွယ်ရေး အုပ်စိုးမိသွားရင် ရုရှားမှာခံရသလို တရုတ်ကြီးလည်း ထိုင်ဝမ်ကို တစ်ခုခုလုပ်ဖြစ်ရင် ခံရမှာကို ကြောက်ပုံရပါယ်။ ဒါကြောင့် ကုန်ကျအနည်းဆုံးနဲ့ StarLink ကိုယှဥ်ဖြုတ်လို့ရမယ့် နည်းစနစ်တစ်ခုကို အပူတစ်ပြင်းရှာဖွေနေပါတယ်။
Ref : AsiaTime