iPhone 14 Pro မှာ A16 Bionic နဲ့ 14 နဲ့ 14 Max မှာ A15 ကိုသုံးသွားမယ့် Apple

Apple အနေနဲ့ နောက်ဆုံးထွက်် iPhone တွေကို နောက်ဆုံးထွက် Chipset တွေပဲသုံးပေးခဲ့တဲ့ အစဥ်အလာကို iPhone 14မှာ တော့ဖျက်သိမ်းတော့မယ်ထင်ပါတယ်။ Apple အနေနဲ့နှစ်တိုင်း iPhone Lineup တစ်ခုထွက်လာဖို့ နှစ်စဥ် Performance အကောင်းဆုံးဖြစ်နေဆဲ Chip တွေကိုပစ်ထားပြီး နှစ်တိုင်း Chipset ပါ အသစ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် iPhone 14 မှာတော့ ခုလိုအစဥ်အလာကိုဖျက်ပြီိး iPhone 14 Pro ကို A16, iPhone 14 နဲ့ 14 Max ကိုတော့ A15 ကိုသုံးပေးသွားမှာပါ။ Analyst Ming-Chi Kuo ရဲ့ပြောကြားချက်အရ Apple အနေနဲ့ chipset အသစ်််ကိုမသုံးပဲအဟောင်းတွေကိုပဲ ပြန်သုံးမယ်ဆိုတာ အတည်ပြုပေးထားပါတယ်။

နောက်ထပ်ကွဲပြားသွားမှာကတော့ RAM ပဲဖြစ်ပါတယ်။ ဖုန်း Lineup ၄ ခုလုံးဟာ LPDDR 4X RAM 6 GB သုံံးထားပြီး Pro Model မှာတော့ LPDDR5 ကိုသုံးထားမှာပါ။ ဒါ့ကြောင့် RAM ပိုင်းကလည်း လုံလုံလောက်လောက် ပမာဏပဲဖြစ််ပါတယ်။

ဒါ့အပြင်် Apple အနေနဲ့ Screen Size ကိုလည်း အပြောင်းအလဲအနည်းငယ်လုပ်သွားမယ်လို့ ဆိုပါတယ်။ iPhone 14 နဲ့ 14 Pro အတွက် 6.1 inches Display ကိုအသုံးပြုသွားမှာဖြစ်ပြီး iPhone 14 Max နဲ့ 14 Pro Max ကိုတော့ 6.7 inches Display ကိုသုံးမယ်လို့သိရပါတယ်။ ခုလို Display တွေကို အနည်းငယ်ပိုကြီးလိုက်တဲ့အတွက် iPhone Screen Size သေးတယ်လို့ ပြောတဲ့သူတွေအတွက် 14 Lineup ဟာ အပြောင်းအလဲတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုပြောင်းလိုက်တဲ့အတွက် နောက်ဆုံးထွက်ထားတဲ့ Second Gen iPhone 13 Mini ဟာ နောက်ဆုံးထွက်တဲ့ အသေးဆုံး iPhone ဖြစ်သွားမှာဖြစ်ပါတယ်။

Kuo အနေနဲ့ Apple ဘာလို့ chipset မပြောင်းပဲသုံးဖို့ ခုလို ဆုံးဖြတ်လိုက်တယ်ဆိုတာကို အသေးစိတ် မရှင်းပြထားပေမယ့် ခုလောလောဆယ်ဖြစ်နေတဲ့ Chipset Crisis ကြောင့်ဖြစ်နိုင်တာကို ထည့်စဥ်းစားလို့ရပါမယ်။

Apple A15 ဟာလက်ရှိဈေးကွက်ထဲမှာ ပြိုင်ဖက်တွေနဲ့ ယှဥ်ပြိုင်နေဆဲဖြစ််တာမို့ အပိုChipset တွေထပ်ထုတ်တာဟာ တစ်ကယ်မလိုအပ်တဲ့ ဆုံးဖြတ်မို့ Apple ကခုလို Culture ကိုဖျက်လိုက်တာလားဆိုတာလည်း ထည့်စဥ်းစားရမယ့်အချက်ဖြစ်ပါတယ်။

Ref : GSMARENA

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အဖြူရောင်အမှုန့်တွေပါဝင်တဲ့ စာအိပ်တစ်ခုတွေ့ရှိပြီးနောက် Apple Park အပိုင်းတစ်ချို့ကို ပိတ်ချထားခဲ့ရ

Next
Next

Delivery Services တွေကို ဦးစားပေးကြော်ငြာလို့ စားသောက်ဆိုင်တွေ တရားစွဲတာခံရတဲ့ Google