အဖြူရောင်အမှုန့်တွေပါဝင်တဲ့ စာအိပ်တစ်ခုတွေ့ရှိပြီးနောက် Apple Park အပိုင်းတစ်ချို့ကို ပိတ်ချထားခဲ့ရ

Cupertino မှာရှိတဲ့ Apple Park တစ်ခုမှာ အမျိုးအမည်မသိ အဖြူရောင်အမှုန့်တွေထည့်ထားတဲ့ စာအိပ်တစ်ခုတွေ့ရှိတာကြောင့် Park အပိုင်းတစ်ချို့ကို ပိတ်ချထားတယ်လို့ NBC Bay Area သတင်းတစ်ခုကထုတ်ပြန်ထားပါတယ်။ Santa Clara မီးသတ်တပ်ဖွဲ့အနေနဲ့ Apple Park ကနေပြီး နေ့လည်ပိုင်းလောက်က မီးလန့်အချက်ပေးမှုလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပေးပြီး စုံစမ်းမှုတွေလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

ခုလောလောဆယ်မှာတော့ အခြေအနေတွေကို ထိမ်းချုပ်ထားနိုင်ပြီဖြစ်ပြီး ဝန်ထမ်းတွေကိုအထဲကို ပြန်ဝင်ခွင့်ပေးလိုက်ပြီဖြစ်လို့ ဘာအရာဝတ္ထုတွေ တွေ့ရှိခဲ့တာလဲဆိုတာတော့ အတိအကျမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

Apple တာဝန်ရှိသူတွေကတော့ အာဏာပိုင်တွေအနေနဲ့ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေ့ရှိမှုမရှိဘူးလို့ ထုတ်ပြန်ပြီးဖြစ််တာကြောင့် ဝန်ထမ်းတွေလည်း ပြန်လည်အလုပ်လုပ်နေပြီး ပိတ်ထားတဲ့ အပိုင်းတွေကိုလည်း ပြန်ဖွင့်လိုက်ပြီလို့ The Verge ကိုပြောခဲ့တယ်လို့ဆိုပါတယ်။

ကျန်းမာရေး အခြေအနေတွေကြောင့် Work From Home လုပ်နေတဲ့သူတွေကို ရုံးပြန်ခေါ်ဖို့ Apple ကစီစဥ်နေပါတယ်။ လာမည့် April ကစတင်ပြီး အလှည့်ကျနဲ့ရုံးတက်စနစ်နဲ့ အလုပ်တွေပြန်လည်ပတ်ဖို့ကြိုးစားနေတုန်းမှာ ခုလိုဖြစ်ခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ ဝန်ထမ်းတွေကို လစာပေးတဲ့ကိစ္စတွေနဲ့ ပြဿနာတက်နေတာတွေလည်း ရှိနေပါတယ်။

Ref : TheVerge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iOS 15.4 မှာ အသစ်ပါဝင်လာတဲ့ Emoji 37 ခု

Next
Next

iPhone 14 Pro မှာ A16 Bionic နဲ့ 14 နဲ့ 14 Max မှာ A15 ကိုသုံးသွားမယ့် Apple