Delivery Services တွေကို ဦးစားပေးကြော်ငြာလို့ စားသောက်ဆိုင်တွေ တရားစွဲတာခံရတဲ့ Google

Google အနေနဲ့ Delivery App တွေကို ပိုမိုကြောငြာပေးလိုက်တဲ့အတွက် စားသောက်ဆိုင်တွေအနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေဖြစ်နေတယ်လို့ ရှေ့နေတစ်ယောက်က ဆိုပါတယ်။ အမေရိကန် ဖလော်ရီဒါမှာရှိတဲ့ စားသောက်ဆိုင်တွေအနေနဲ့ Google ကဆိုင် Website ကြည့်လိုက်တိုင်း Deli ကဆိုင်လာစားနေကျ ဖောက်သည်တွေလျော့ကုန်တာကြောင့် Google ကိုတရားစွဲတာဖြစ််တယ်လို့ ဆိုပါတယ်။

ရှေ့နေ့အဖွဲ့ရဲ့ပြောကြားချက်အရ Google အနေနဲ့ စားသုံးသူတွေက Google မှာ စားစရာတွေကိုရှာတဲ့အခါ ဆိုင်ကိုတိုက်ရိုက်မပြပဲ Online Delivery တွေကိုအဓိကထားပြီးပြလိုက်တဲ့အတွက် Online Delivery တွေကိုပဲရောင်းချနေရပြီး စားသောက်ဆိုင်မှာ လူမရှိလို့ အမြတ်တွေဆုံးရှုံးနေပါတယ်။

ဒီစနစ်တွေကတစ်ဆင့် စားသောက်စရာတွေပိုရောင်းရတယ်ဆိုပေမယ့် Delivery ကုမ္ပဏီတွေက ဝန်ဆောင်ခတွေ အဆမတန်ဖြတ်တဲ့အတွက် အမြတ်တွေနည်းပါးတဲ့အတွက် အဆင်မပြေဘူးလို့ဆိုပါတယ်။ Google အနေနဲ့ စားသောက်သူတွေနဲ့ တစ်ဆိုင််တွေကိုတိုက်ရိုက်ချိတ်ဆက်ပေးဖို့ထက် Ads နဲ့တက်လာတဲ့ Deli Service တွေကိုပဲ ပိုပြီးသုံးဖို့ ကြော််ငြာပေးနေသလိုဖြစ်နေပါတယ်။ ဒါ့ကြောင့် Delivery ကုမ္ပဏီတွေပဲ ချမ်းသာလာပြီး ဆိုင်တွေတစ်််ဖြည််းဖြည်းနဲ့ အမြတ်နည်းလာရတယ််လို့ ပြောထားပါတယ်။

Google ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Order Online စနစ်ကို ပြုလုုပ်ပေးထားရခြင်းဟာ စားသုံးသူတွေကို ပိုမိုအဆင်ပြေစေဖို့ ပြုလုပ်ထားတာဖြစ်ပြီး ဆိုင်တွေကို ထိခိုက်စေဖို့ မရည်ရွယ်ဘူးလို့ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆိုင်ပိုင်ရှင်တွေကို Delivery တွေနဲ့ ချိတ်စေချင်လား။ကိုယ်ပိုင် Website ကိုညွန်းစေချင်လားဆိုတာကို ရွေးချယ်နိုင်အောင် လုပ်ပေးထားတာမို့ သေချာလေးလုပ်နိုင်ပါတယ်။

ဒီစွပ်စွဲချက်ကို Google အနေနဲ့ ငြင်းဆိုထားပြီး Order Online စနစ်ကိုလည်း Deli တွေနဲ့မချိတ်ပဲ ကိုယ်ပိုင်Website နဲ့လည်း ချိတ်နိုင်အောင် ပြုလုပ်ပေးထားတယ်လို့ပြောထားပေမယ့် တရားစွဲဆိုသူတွေကတော့ Google မှာတာဝန်ရှိနေတယ်လို့ ပြောဆိုထားပါတယ်။ Google Maps ကနေ Order Now ကိုနှိပ်လိုက်တဲ့အခါ ဆိုင် Website ကိုညွန်ရမယ့်အစား Third Party Website တွေကိုပဲပြထားတယ်လို့လည်း ပြောထားပါသေးတယ်။

ခုလိုတရားစွဲဆိုချက်ဟာ စားသောက်ဆိုင် တော်တော်များများကိိုလည်း ရိုက်ခတ်သွားပြီး Google ကြောင့် နိုင်ငံတစ်ဝှမ်း Customer ထောင်နဲ့ချီပြီးဆုံးရှုံးတဲ့ဆိုင်တွေကြောင့် ဝင်ငွေလည်း သန်းနဲ့ချီပြီး နစ်နာရတယ်လို့ဆိုပါတယ်။ Google ကိုလည်း တရားစွဲဆိုဖို့ ပြင်နေတယ်လို့ဆိုပါတယ်။

Ref : Cnet

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 14 Pro မှာ A16 Bionic နဲ့ 14 နဲ့ 14 Max မှာ A15 ကိုသုံးသွားမယ့် Apple

Next
Next

Google ကတရားစွဲမယ့် အရေးကြောင့် ပိတ်ရတော့မယ့် YouTube Vanced