Elon Musk ရဲ့ လျှပ်စစ်ကားရောင်းချနှုန်းကို ကျော်တက်သွားတဲ့ BYD

Tesla အနေနဲ့ လျှပ်စစ်ကားဈေးကွက်ကို ကြီးစိုးထားရာကနေ ခုအချိန်မှာတော့ သရဖူကို တရုတ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD ကိုလွှဲပေးလိုက်ရပါတယ်။ BYD ကထုတ်ပြန်ထားတဲ့ Report တွေအရ 2022 ပထမလအစပိုင်းမှာတင် လျှပ်စစ်ကားအစီးအရေအတွက် 641,350 စီးရောင်းချခဲ့ရတယ်လို့ဆိုထားပါတယ်။ ဒီဂဏန်းတွေအရ ကုမ္ပဏီရဲ့ ရောင်းအားဟာ အရင်နှစ်ထက် 314% ပိုကောင်းလာတာဖြစ်ပါတယ်။ BYD အနေနဲ့ ဂျွန်တစ်လထဲတင် ကားအစီးရေ 134,000 ရောင်းချခဲ့ပါတယ်။

Elon Musk ရဲ့ Tesla ကတော့ ၂၀၂၂ နှစ်ဝက်မှာ ကားအစီးရေ 564,743 စီးရောင်းချခဲ့ရပြီး ရှန်ဟိုင်းမှာရှိတဲ့ ကားထုတ်လုပ်ရေးဟာ ကိုဗစ်ကြောင့် ကာလရှည်ကြာရပ်နားထားခဲ့ရတာလည်း ခုလိုရောင်းအားတွေကျဆင်းရတဲ့ အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။ ကားစက်ရုံတွေပိတ်ထားခဲ့ရသလို၊ ကားပစ္စည်းထောက်ပံ့သူတွေဟာလည်း စက်ရုံတွေ ပိတ်ထားခဲ့ရတာပါ။

ခုလို ဈေးကွက်မှာကျော်တက်သွားတဲ့ BYD ကထုတ်လုပ်တဲ့ ကားကို Tesla CEO Elon Musk ကိုယ်တိုင် 2011 တုန်းက "ခင်ဗျား သူတို့ထုတ်တဲ့ကားတွေ မြင်ဖူးလား? သူတို့ကားတွေက ကောင်းလည်းမကောင်းသလို၊ နည်းပညာလည်း အခြေမခိုင်ပဲ အရည်အသွေးနိမ့်တဲ့ ထုတ်ကုန်တွေပဲ" လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

လောလောဆယ် BYD ကထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေနဲ့ Plug-in Hybrid ကားတွေဟာ Zero Emission ဖြစ်တယ်လို့ တရုတ်အစိုးရသတ်မှတ်ချက်တွေအရ သတ်မှတ်ထားခံရပြီး Hybrid တွေက လျှပ်စစ်နဲ့ အန္တရာယ်မရှိတဲ့ ပမာဏသော ဓာတ်ငွေ့ကိုပဲ ထုတ်လွှင့်တယ်လို့ ဆိုထားပါတယ်။

Ref : NY Post

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဘာကြောင့် VPN သုံးသင့်တာလဲ

Next
Next

IP Rating ဆိုတာဘာလဲ