အိန္ဒိယမှာ 5G ဖုန်းရောင်းချသွားမယ့် POCO
POCO အနေနဲ့ ဒီနှစ်အတွင်းထုတ်လုပ်မယ့် Phone တွေအကြောင်းပေါက်ကြားလာပါတယ်။ အင်တာဗျူးတစ်ခုထဲမှာ POCO အနေနဲ့ 5G ဖုန်းတွေထုတ်လုပ်ဖို့ရှိကြောင်း ရိပ်ဖမ်းသံဖမ်းပြောကြားခဲ့တာရှိပါတယ်။
POCO India ရဲ့တာဝန်ရှိသူ Anuj Sharma အနေနဲ့ POCO အနေနဲ့ Brand Lineup တစ်ခုလုံးကို အပြောင်းအလဲလုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် နောက်လအနည်းငယ်အတွင်း ဒါမှမဟုတ် နောက်လာမယ့်နှစ်ဝက်လောက်မှာ POCO ရဲ့ စတုတ္ထမြောက် ဖုန်းမျိုးဆက်ကိုထုတပြဖို့ရှိတယ်လို့ဆိုပါတယ်။ " နောက်ထပ်ရှုပ်ထွေးတဲ့ အဆင့်မြှင့်တင်ချက်တွေမဟုတ်ပဲ ထွက်ပြီးသား Series တွေထဲက POCO F, X, M နဲ့ C ထဲကတစ်ခုခုကို 5G အဖြစ် အဆင့်မြှင့်တင်သွားမယ်" လို့ ဆိုထားခဲ့ဖူးပါတယ်။
ဒီပြောကြားချက်တွေကို ဒီနေ့မနက်ပိုင်း ( February 15) ရက်နေ့တုန်းက POCO M4 Pro 5G ကိုမိတ်ဆက်ပြီး စတင််လိုက်ပြီပဲဖြစ်ပါတယ်။ ၂၀၂၁ မှာ POCO အနေနဲ့ အနည်းဆုံး POCO C Series ဖုန်းပေါင်း အလုံးရေ ၃သန်းကျော်ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့်မို့ Entry ဖုန်းလောကမှာ POCO အနေနဲ့ နေရာတစ်ခုရပြီးသားဆိုတာ သေချာပါတယ်။ ဒါပေမယ့် နောက်ထွက်လာမယ့် ဖုန်းတွေကိုတော့ ဈေးနှုန်းချိုသာပြီး Specifications မြင့်မြင့်ထားရအောင်တော့ အရင်လောက်မလွယ်တော့ဘူးလို့ ဆိုပါတယ်။
ပြောကြားချက်တွေအရ " လွန်ခဲ့တဲ့ ၂ နှစ်ကနေ ၃နှစ်အတွင်းကိုကြည့်မယ်ဆိုရင် Entry Level ဖုန်းတွေထဲမှာ ရွေးချယ်စရာအများကြီးမရှိခဲ့လို့ ဈေးနှုန်းချိုသာအောင် လုပ်ဆောင်ရတာ လွယ်ကူပါတယ်။ ဒါပေမယ့်ခုအခြေအနေတွေက ပြောင်းလဲသွားပါပြီ။ ကျွန်တော်အနေနဲ့ Price Points တွေကို အနည်းငယ်မြှင့်တင်ပြီး ပိုပြီး အရည်အသွေးကောင်းမွန်တဲ့ POCO F3 GT ကိုထုတ်လုပ်သွားမယ်"လို့ ဆိုထားပါတယ်။ ဒါပေမယ့် အရမ်းကြီးဈေးမြောက်သွားတာမျိုးဖြစ်မှာမဟုတ်ပဲ အားလုံးတတ်နိုင်တဲ့ ဈေးမှာထားပေးမယ့်လို့လည်း ပြောထားပါတယ်။
ဒါ့အပြင် POCO အနေနဲ့ ဖုန်းထုတ်လုပ်ရေးပေါ်မှာ အစဥ်တစ်စိုက်အားစိုက်နေတဲ့အပြင် Audio ပိုင်းကိုလည်းအားစိုက်နေတာတွေ့ရပါတယ်။ အတိအကျပြောရရင် Earbuds တွေဖက်ကိုလည်း မျက်စိကျနေတာပါ။ " အဖွဲ့ဆုံးဖြတ်ချက်တွေအရ ပြောရရင် ကျနော်တို့အနေနဲ့ ၂၀၂၂ မှာ ဖုန်းတင်မဟုတ်ပဲပိုပြီးမျှော်လင့်ထားတာရှိပါတယ်။ ဒါပေမယ့် ဘာလဲဆိုတာတော့ ထုတ်ပြောဖို့ အချိန်စောနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်လာနိုင်အောင်ကြိုးစားနေပြီး ဖုန်းထက်ပိုတဲ့ Sector တွေကို ခြေချနိုင်ဖို့ မျှော်လင့်ပြီး ကြိုးစားနေပါတယ်" လို့ Sharman ကထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
Ref : Gizmochina