Just Another Apple Day
ဘော်ဒါတို့ထဲ ဖုန်းလွတ်ကျဖူးတဲ့ မရှိဘူးလို့တော့ထင်တယ်? ဟုတ်တယ်ဟုတ်? ဘယ်လောက်အမြင့်ကလဲ လက်ထဲကနေဆိုရင် ၅ ပေလောက်၊ ရှားရှားပါးပါး အိမ်အမြင့်ပေါ်ကနေဆိုရင် ပေ ၂၀ ပဲထားပါတော့ဗျာ
ဒါဆို ဖုန်းကို ပေ ၁သောင်းခွဲလောက်ကနေရော လွတ်ကျဖူးလား?
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့တုန်းက လေထီးခုန်သမားတစ်ယောက်ဟာ လေထီးခုန််နေစဥ်မှာ Video အရ iPhone 12 Pro or 13 Pro လို့ထင်ရတဲ့ဖုန်းဟာ ပေ ၁၄,၀၀၀ ကျော်ကနေ Free Fall အနေနဲ့ ပြုတ်ကျသွားခဲ့ပါတယ်။ အဲ့ဒီနောက် Find My iPhone ကနေတစ်ဆင့် ဖုန်းကို ပြန်ရှာတွေ့တဲ့အခါ ဖုန်းဟာ ရွံနွံပက်ကြားအက်တွေကြား ညပ်နေခဲဲ့ပြီး အကောင်းပကိတိုင်း ပြန်ရခဲ့ပါတယ််။ ပိုင်ရှင်က သူရဲ့ဖုန်းကို Catalyst Case တပ်ထားခဲ့တယ်လို့ TikTok မှာ ပြောထားပါတယ်။ ဒါဟာ ဖုန်းတစ်လုံး အမြင့်ဆုံးကနေပြုတ်ကျခဲ့ပြီး အကောင်းတိုင်းပြန်ရတဲ့ တစ်ခုတည်းသောဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။
နောက်တစ်ခုကတော့ အမျိုးသမီးတစ်ယောက်ဟာ ခရီးစဥ်တစ်ခုအတွင်း ဟိုတယ်မှာနားနေတုန်း နှလုံးရောဂါတစ်ခုကြောင့် ကြမ်းပြင်ပေါ်ကို မျက်နှာနဲ့အပ်ပြီးလဲကျသွားပါတယ်။ မလဲကျခင်တုန်းက တွေ့ဖို့စီစဥ်ထားတဲ့ သူငယ်ချင်းဟာ ဟိုတယ်ခန်းထဲကို ရောက်လာတဲ့အခါမှာတော့ အရေးပေါ်လူနာတင်ယာဥ်ကလည်း လမ်းမှာ အသင့်လာခဲ့နေခဲ့ပြီး အရေးပေါ်ကိုအကြောင်းကြားခဲ့တာကတော့ Apple Watch ကပဲဖြစ်ပါတယ်။ သူမဟာ သေမယ့်ဘေးကနေ သီသီလေးလွတ်ခဲ့တယ်လို့ Reddit မှာပြန်မျှဝေထားပါတယ်။
ဒါကတော့ ဒီတစ်ပတ်အတွင်း Apple Product တွေရဲ့ ထူးထူးခြားခြားဖြစ်စဥ်တွေပဲဖြစ်ပါတယ်။
Ref : 9to5Mac
#Akhayartech