Apple Vision Pro အပေါ် Mark Zuckerberg အမြင်
Apple ရဲ့ VR ပိုင်းမှာ အဓိကပြိုင်ဖက်တစ်ဦးဖြစ်တဲ့ Meta ရဲ့ CEO Mark Zuckerberg အနေနဲ့ Apple ရဲ့ Vision Pro ကိုမှတ်ချက်ပေးခဲ့ပါတယ်။ Meta ဆိုတာကလည်း သူတို့ရဲ့ Quest Pro တွေနဲ့ ဈေးကွက်မှာနေရာရဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
Mark Zuckerberg က Meta က ဝန်ထမ်းတွေကို "Meta မှာလည်း ဖြေရှင်းဖို့ ကြိုးစားနေဆဲဖြစ်တဲ့ ရူပဗေဒဆိုင်ရာကန့်သတ်ချက်တွေကို Apple ကလည်း မှော်ဆန်ဆန်ဖြေရှင်းမပေးနိုင်သေးဘူး" လို့ပြောခဲ့ပါတယ်။ ပြောချင်တာက Battery optimization တွေမှာ Quest Headset တွေက Resolution နိမ့်ပေမယ့် Vision Pro ထက်ပိုကြာကြာခံတယ်။ Apple Vision Pro မှာ Extra Battery Pack ကိုကြိုးထုတ်ပြီး သုံးရတာမျိုးတွေက ကန့်သတ်ချက်တွေဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် Meta နဲ့ Apple ရဲ့ Headset တွေပေါ်မှာ "values & vision" မတူဘူးလို့ဆိုပါတယ်။ Meta ရဲ့ Headset တွေဟာ လူတွေ Social Media ကိုပိုကောင်းတဲ့နည်းနဲ့ သုံးနိုင်ဖို့၊ မတူညီတဲ့နည်းသစ်တွေနဲ့ လူအချင်းချင်း ထိတွေ့နိုင်ဖို့ အဓိကထားတယ်လို့ဆိုပါတယ်။ Apple ရဲ့ Vision Pro ကတော့ အနာဂါတ်ရဲ့ Computing System အသစ်ဖြစ်လာနိုင်ပြီး သူလုပ်ချင်တဲ့ AR,VR ကအဲ့အပိုင်းနဲ့မဆိုင်ဘူးလို့ မှတ််ချက်ပေးခဲ့ပါတယ်။
Ref : GSMArena
#Akhayartech